close

ပွဲပယ်နှင့် ဒဏ်ကြေး

close

April 14, 2023

အသင်းဖော်ကိုလက်သီးဖြင့်ထိုးခဲ့သည့် မာနေး ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်ခံရ

မန်စီးတီးအသင်းနဲ့ပွဲစဉ်အပြီးမှာ အသင်းဖော်ဆာနေးကို လက်သီးနဲ့ထိုးကြိတ်ခဲ့တဲ့မာနေးကို ပွဲပယ်နဲ့ ဒဏ်ကြေးချမှတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ဆီနီဂေါတိုက်စစ်မှူးဟာ မန်စီးတီးကို ၃ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့  ပတ်သက်ပြီး ဆာနေးနဲ့ အချင်းများခဲ့တာပါ။ မာနေးဟာ လက်သီးနဲ့ ထိုးကြိတ်ခဲ့တာကြောင့် ဆာနေးရဲ့နှုတ်ခမ်းလည်းပေါက်ပြဲခဲ့တယ်လို့သိရပါတယ်။

မာနေးအနေနဲ့ ဟော့ဖမ်ဟမ်ဇ်အသင်းနဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါပွဲစဉ်မှာပါဝင်မှာမဟုတ်သလို ဒဏ်ကြေးလည်း ချမှတ်ခဲ့ကြောင်း၊ မန်စီးတီးနဲ့ပွဲစဉ်  အပြီးမှာ မသင့်လျော်တဲ့အပြုအမှု လုပ်ခဲ့တာကြောင့်ဖြစ်ကြောင်း ဘိုင်ယန်အသင်းကတရားဝင်ထုတ် ပြန်ခဲ့တာပါ။

မာနေးနဲ့ ဆာနေးတို့ လေ့ကျင့်ရေးကွင်းမှာနီးနီးကပ်ကပ်လေ့ကျင့်နေပုံကိုလည်း ဘိုင်ယန် အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

3 hours Ago

August 20, 2022

ခိုက်ရန်ဖြစ်ပွားခဲ့သည့် နည်းပြတူချယ်နှင့် ကွန်တီတို့ ပွဲပယ်နှင့် ဒဏ်ကြေးများ ချမှတ်ခံရ

ချဲလ်ဆီးနဲ့ စပါးအသင်းတို့ ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ နည်းပြတူချယ်နဲ့ ကွန်တီတို့ဟာ ပွဲပယ်နဲ့ဒဏ်ကြေးတွေ အသီးသီးချမှတ်ခံရပါတယ်။

နည်းပြနှစ်ဦးဟာ တနင်္ဂနွေနေ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီမှာ ကတောက်ကဆဖြစ်ခဲ့ပြီး ကြိမ်ဖန်များစွာ အချင်းများခဲ့ကြပါတယ်။

ဂိုးသွင်းယူပြီးချိန်တွေမှာ တစ်ဦးနဲ့တစ်ဦး မခံချင်အောင် အလွန်အကျူးအောင်ပွဲခံခဲ့သလို ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး တွန်းထိုးခဲ့ကြပါတယ်။

အဆိုးဆုံးကတော့ ပွဲပြီးလို့ လက်ဆွဲနှုတ်ဆက်ချိန်မှာ နည်းပြတူချယ်က ကွန်တီရဲ့လက်ကို မလွှတ်တော့ဘဲ ဆွဲထားခဲ့လို့ ရန်ပွဲကပိုမိုကြီး မားလာခဲ့ရတာပါ။

အင်္ဂလန်အက်ဖ်အေကတော့ ချဲလ်ဆီးနည်းပြတူချယ်ကို တစ်ပွဲပယ်နဲ့ ဒဏ်ကြေး ပေါင် ၃၅,၀၀၀  ချမှတ်ခဲ့ပြီး စပါးနည်းပြကွန်တီကိုတော့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ဒဏ်ကြေးပေါင် ၁၅,၀၀၀ ချမှတ်ခဲ့ပါတယ်။ 

8 months Ago
Up