ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၆ ရပ်ကွက်မှာ မတ်လ ၁၉ ရက် နေ့လယ်ပိုင်းက သမီးဖြစ်သူကို လိုက်လံနှောင့်ယှက်တဲ့အမျိုးသားတယောက်အား ဖခင်ဖြစ်သူက ဓားနဲ့ခုတ်သတ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ နေလယ် ၁ နာရီခွဲက ၆ ရပ်ကွက်၊ ဖွံ့ဖြိုးအောင်အိမ်ရာ အဆောင်တစ်ခုမှာ နေတဲ့ အိမ်ထောင်ရှိ အမျိုးသား တယောက်က သမီးဖြစ်သူကို လိုက်လံနှောင့်ယှက်တဲ့အတွက် ဖခင် ဖြစ်သူက ဓားနဲ့ခုတ်သတ်ခဲ့တာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"ဓားနဲ့အခုတ်ခံရတာက ရန်နိုင်စိုး။ အိမ်ထောင် ရှိတယ်။ ကျော်မင်းဌေးရဲ့ သမီးကို သွားစတယ်။ ရိသလို ပတ်သလို ပြောတယ်။ အဲဒီလို မလုပ်ဖို့ အဖေဖြစ်သူက လာပြောရင်း စကားများတာကနေ လူသတ်မှုအထိ ဖြစ်သွားတာ။”
သမီးဖြစ်သူကို နောက်နောင်မနှောင့်ယှက်ဖို့ လာပြောချိန် နားမထောင်တဲ့အပြင် ရန်စကားပြောတဲ့ အတွက် ရန်နိုင်စိုးကို ဦးကျော်မင်းဌေးက ဓားနဲ့ခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာ ၇ ချက်နဲ့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက "ဓားနဲ့အခုတ်ခံရသူက ပွဲချင်းပြီးသေတယ်။ ခုတ်တဲ့သူကိုလည်း ရေဥက္ကံဘက်မှာ မိတယ်"လို့ ပြောပါတယ်။
လူသတ်မှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဦးကျော်မင်းဌေးကို လှိုင်သာယာအရှေပိုင်း မြို့မရဲစခန်းက (ပ)၄၅၃/၂၀၂၃၊ ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ CDM ပြုလုပ်ထားတဲ့ ယာဉ်ထိန်းရဲဝန်ထမ်းနဲ့အတူ ဖခင်ဖြစ်သူတို့ကို အောက်တိုဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်း အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အမှတ် ၇ ရပ်ကွက် ၁၀ လမ်းမှာနေထိုင်တဲ့ CDM ယာဉ်ထိန်းရဲ ကိုဧပရယ်ထွန်းနဲ့ ဖခင်ဖြစ်သူတို့ကို စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားပြီးနောက်ပိုင်း တပတ်ကြာတဲ့အထိ အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“အဖမ်းခံရတဲ့ ယာဉ်ထိန်းရဲကို စစ်ကောင်စီတပ်သားတွေက ယာဉ်ထိန်းရဲ ၂ ဦးကို တော်လှန်ရေးအင်အားစုတွေက ဝင်ပစ်တာနဲ့ပတ်သက်ပြီး ဖမ်းတာဖြစ်နိုင်တယ်၊ ခုထိ ပြန်လွတ်မလာသေးဘူး” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
ပုသိမ်မြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့က မြို့လယ်ခေါင်က မီးပွိုင့်မှာရှိနေတဲ့ စစ်ကောင်စီဩဇာခံ ယာဉ်ထိန်းရဲ ၂ ဦးကို တော်လှန်ရေးအင်အားစုတွေက ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ရပ်ကွက်ထဲ ပြောဆိုတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုဆန်ကျင့်တဲ့ လှုပ်ရှာမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၀၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။