close

ပုသိမ်တွင် CDM ယာဉ်ထိန်းရဲနှင့် ဖခင်ဖြစ်သူတို့အား စစ်ကောင်စီဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ CDM ပြုလုပ်ထားတဲ့ ယာဉ်ထိန်းရဲဝန်ထမ်းနဲ့အတူ ဖခင်ဖြစ်သူတို့ကို အောက်တိုဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်း အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အမှတ် ၇ ရပ်ကွက် ၁၀ လမ်းမှာနေထိုင်တဲ့ CDM ယာဉ်ထိန်းရဲ ကိုဧပရယ်ထွန်းနဲ့ ဖခင်ဖြစ်သူတို့ကို စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားပြီးနောက်ပိုင်း တပတ်ကြာတဲ့အထိ အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အဖမ်းခံရတဲ့ ယာဉ်ထိန်းရဲကို စစ်ကောင်စီတပ်သားတွေက ယာဉ်ထိန်းရဲ ၂ ဦးကို တော်လှန်ရေးအင်အားစုတွေက ဝင်ပစ်တာနဲ့ပတ်သက်ပြီး ဖမ်းတာဖြစ်နိုင်တယ်၊ ခုထိ ပြန်လွတ်မလာသေးဘူး” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ပုသိမ်မြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့က မြို့လယ်ခေါင်က မီးပွိုင့်မှာရှိနေတဲ့ စစ်ကောင်စီဩဇာခံ ယာဉ်ထိန်းရဲ  ၂ ဦးကို တော်လှန်ရေးအင်အားစုတွေက ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ရပ်ကွက်ထဲ ပြောဆိုတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုဆန်ကျင့်တဲ့ လှုပ်ရှာမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၀၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up