close

ဖမ်းဆီးခံရွာသား

close

December 9, 2022

ခင်ဦးမြို့နယ်၌ ဖမ်းဆီးခံရွာသား ၁၇ ဦးအနက် ၁ ဦးကို မူးမြစ်ထဲ သေနတ်ဒဏ်ရာများဖြင့်အလောင်း ပြန်တွေ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တာတိုင်ကျေးရွာသား ၁၇ ယောက်ကို ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာ ဒီဇင်ဘာ ၇ ရက်က တစ်ဦး ပြန်လည်တွေ့ရှိခဲ့ပြီး တစ်ဦးကို သေဆုံးလျက် မူးမြစ်ထဲမှ သေနတ်ဒဏ်ရာတွေနဲ့ ဆယ်ယူခဲ့ရကြောင်း ခင်ဦးကာကွယ်ရေး တပ်ဖွဲ့ကနေ သိရပါတယ်။

ခင်ဦးဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူက“ ဒီဇင်ဘာ ၁ ရက် ၂ ရက် နေ့လောက်က စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ လာတာမှာ ရွှေဘိုစစ်ကြောင်းရယ် ဒီပဲယင်းစစ်ကြောင်းရယ်ကို အဲတာကို ခင်ဦးတာတိုင်ရွာက ကြားညပ်သွားပြီး စစ်ဘေးရှောင်တွေက ပါသွားတာ။ ပြန်ရောက်လာတဲ့ တစ်ယောက်က ထွက်ပြေးလာတာလို့ ပြောတယ်။ တမြန်နေ့က ပြန်ရောက်လာတယ်။ သေဆုံးတဲ့တစ်ယောက်ကတော့ မေးစေ့ကို သေနတ်မှန်ပြီး မူးမြစ်ထဲကျသွားပြီး ဒီဘက်မျောလာတော့ အဖွဲ့တွေက ဆယ်ထားတာ နောက်မှ သိတာ တာတိုင်ကလူဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက ရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးစဉ် အခုလို တာတိုင်ကျေးရွာသားတွေ ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။ ဖမ်းဆီးခံရတဲ့ ရွာသားများထဲမှာ အသက် ၁၄ နှစ်အရွယ်မှ အသက် ၅၅ နှစ်အရွယ် ရွာခံများဖြစ်ကြောင်းလည်း သိရပါတယ်။ သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ်ရှိတဲ့ ဦးမန်းဖြစ်တယ်လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေး  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စစ်ကြောင်းက နှစ်ကြောင်းဆိုတော့ ကျနော်က ဘယ်လိုက်ရမှန်းမသိဖြစ်နေတာ အခုကျမှ ဒီပဲယင်းစစ်ကြောင်းထဲ ပါသွားမှန်း သိရတာ သူတို့ရွာက စစ်ကြောင်း နှစ်ကြောင်းရဲ့ အလည်မှာဆိုတော့ အနောက်ဘက်စစ်ကြောင်းနဲ့ ပါသွားတာ။ ပထမကတော့ ကျနော်တို့လည်း ပျောက်တာလား သေတာလား အဖမ်းခံရတာလား သေချာမသိသေးလို့ မထုတ်ပြန်ဘဲ သေချာအောင် သိရမှ အခုလို ထုတ်ပြန်လိုက်တာပါ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက် ဒီမနက် ၈ နာရီမှာလည်း ခင်ဦးမြို့နယ်ထဲက မြင်းဒေါင်းကျေးရွာမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်စီးခဲ့တဲ့ နေအိမ်တွေကို ပြန်လည်သန့်ရှင်းရေး လုပ်နေကြစဉ် မူးတိမ်တံတားအနောက်ဘက် ရေသန့်စက်မှ စစ်ကောင်စစ်တပ်က ၆၀ မမ နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတွေထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသားတစ်ဦး နားထင်ကိုသေနပ်ရှပ်ထိမှန်ခဲ့ပါတယ်။

3 hours Ago

September 21, 2022

ယင်းမာပင်တွင် ဖမ်းဆီးခံရွာသား ၂ ဦး အဆက်အသွယ်မရသဖြင့် မိသားစု စိုးရိမ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရိုးမတိမ်ရွာသာယာကျေးရွာက ဒေသခံ ၂ ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရပြီးနောက်ပိုင်း မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရသလို သူတို့ကို ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာလည်း မသိရဘဲ အဆက်အသွယ်ပြတ်နေတယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဌေးမြင့်စိုးနဲ့ မဟာအောင်မြေကျောင်းက မိဘမဲ့ပရဟိတဂေဟာမှူး ဦးအောင်မင်းဆွေတို့ ဖြစ်ကြပါတယ်။

သူတို့ နှစ်ယောက်ဟာ သြဂုတ် ၂၆ ရက်က ယင်းမာပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ကို ပရဟိတအရေးနဲ့ ပတ်သက်ပြီး သွားရောက်စဥ် ဘဏ်ရုံးဝင်းအတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူတွေကို မိသားစုက ဒီနေ့အချိန်ထိ တွေ့ခွင့်လည်းမရသလို မေးမြန်းကြည့်တာတောင် စစ်ကောင်စီတာဝန်ရှိသူတွေက လက်မခံဘဲဖြစ်နေကြောင်း၊ ယင်းမာပင်ရဲစခန်းကို ပရဟိတဂေဟာအဖွဲ့ဝင် ဘုန်းတော်ကြီးတွေကိုယ်တိုင် ၃ ကြိမ်ထက်မနည်း သွားရောက်ကာ သူတို့ နှစ် ယောက်ကို ဘာကြောင့်ဖမ်းဆီးတာလဲ ဆိုတာနဲ့ သူတို့နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီဘက်က လိုက်လျောမှုတခုမှ မရှိခဲ့ဘူးလို့ဆိုပါတယ်။

ခုနောက်ပိုင်း ဖမ်းဆီးခံ နှစ်ယောက်အတွက် စားသောက်စရာတောင် ပေးလို့မရတော့သလို စုံစမ်းမေးမြန်းလို့လည်း မရတော့တာကြောင့် စိုးရိမ်သောက ရောက်နေကြရတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရသူ ၅ ယောက်ထက်မနည်းရှိကာ အဲဒီအထဲမှာ ကုန်စိမ်းရောင်းနေရင်း အဖမ်းခံလိုက်ရတာရှိသလို နေအိမ်အတွင်းမှာ ဝင်ရောက် ဖမ်းဆီးခံလိုက်ရတဲ့သူတွေလည်းရှိပြီး အဲဒီလို ဖမ်းဆီးခံရသူတွေ အားလုံးဟာလည်း သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up