close

ဖရက်ဒ်

close

February 4, 2023

နည်းပြတန်ဟတ်ဂ်ချမှတ်ထားသည့် စည်းကမ်း ၃ ချက်ကို ကွင်းလယ်လူ ဖရက်ဒ်ထုတ်ဖော်ပြော

မန်ယူအသင်းမှာ နည်းပြတန်ဟတ်ဂ်ချမှတ်ထားတဲ့ စည်းကမ်းသုံးချက်ရှိကြောင်း ကွင်းလယ်လူ ဖရက်ဒ်က ထုတ်ဖော်ပြောသွားပါတယ်။

အသင်းသားတွေအနေနဲ့ မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းသုံးချက်ဟာ အဝတ်လဲခန်းအတွင်းမှာ လုပ်ဆောင်ဖို့ ချမှတ်ထားတာပါ။

အဲဒါတွေက နောက်မကျဖို့၊ မဟုတ်တရုတ်တွေမလုပ်ဖို့နဲ့ ကိုယ့်အသင်းဖော်ကို ကူညီဖို့ ဆိုတဲ့ အချက် သုံးချက်ဖြစ်တယ်လို့ ဖရက်ဒ်က Times သတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

နည်းပြတန်ဟတ်ဂ်ရဲ့ စည်းမျဉ်းတစ်ခုကို ချိုးဖောက်ခဲ့ဖူးတဲ့ ကစားသမားက တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဖြစ်ပြီး အိပ်ပျော်နေလို့ အသင်း အစည်းအဝေးကို မတက်ခဲ့တာကြောင့်လို့ သိရပါတယ်။

ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်က ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ကို အရန်ခုံမှာပဲ ထားခဲ့တာပါ။ အဲဒီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ကဒုတိယပိုင်းမှာ လူစားဝင်ပြီး အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။

5 mins Ago

August 8, 2022

မန်ယူကွင်းလယ်ကစားသမားများ ဘောလုံးဦးနှောက်မရှိဟု ရွိုင်ကိန်း ဝေဖန်

ဖရက်ဒ်နဲ့ တွန်မီနေး တို့တွဲဖက်ကစားနေတဲ့ မန်ယူနိုက်တက်အသင်းကွင်းလယ်က ဘောလုံးဦးနှောက် ကင်းမဲ့နေကြောင်း မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းက ဝေဖန်သွားပါတယ်။

မန်ယူအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ  ၂ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတာပါ။

အဲဒီရှုံးပွဲနဲ့ပတ်သက်ပြီး မန်ယူအသင်းကွင်းလယ်ကစားပုံကို ရွိုင်ကိန်းကအပြစ်တင်ခဲ့ပြီး ဖရက်ဒ်နဲ့ တွန်မီနေးတို့ဟာ မန်ယူအသင်းကို ဆွဲတင်ပေးနိုင်မယ့်သူတွေမဟုတ်ကြောင်း ရွိုင်ကိန်းက ဝေဖန်ခဲ့တာပါ။

“ကွင်းလယ်က ဘောလုံးဦးနှောက်နဲ့ ဆုံးဖြတ်ချက်ပြုလုပ်ရာမှာ အားနည်းတယ်။ သူတို့ ကွင်းလယ်အတွဲကို စောင့်ကြည့်နေခဲ့တာက ကြာပါပြီ။ သူတို့က လုံလောက်တဲ့စွမ်းဆောင်ရည် မရှိဘူး။ သူတို့ မန်ချက်စတာယူနိုက်တက်ကို ထိပ်ဆုံးဆီ ပြန်လာနိုင်အောင် လုပ်နိုင်မယ့်သူတွေလည်း မဟုတ်ဘူး။ တစ်ပတ်ပြီးတစ်ပတ် သူတို့ခြေစွမ်းကိုမြင်နေရတာပဲ။ သူတို့က ဆွဲတင်နိုင်မယ့်သူတွေ မဟုတ်ဘူး” လို့ ရွိုင်ကိန်းကပြောပါတယ်။

စကိုင်းစပေါ့မှာ ရွိုင်ကိန်းနဲ့အတူသုံးသပ်ခဲ့တဲ့ ပေါလ်စခိုးကလည်း ထောက်ခံခဲ့ပြီး မန်ယူအသင်းဟာ ကွင်းလယ်ပိုင်းမှာ အားနည်းနေတယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

6 months Ago
Up