နည်းပြတန်ဟတ်ဂ်ချမှတ်ထားသည့် စည်းကမ်း ၃ ချက်ကို ကွင်းလယ်လူ ဖရက်ဒ်ထုတ်ဖော်ပြော

3
မန်ယူအသင်းမှာ နည်းပြတန်ဟတ်ဂ်ချမှတ်ထားတဲ့ စည်းကမ်းသုံးချက်ရှိကြောင်း ကွင်းလယ်လူ ဖရက်ဒ်က ထုတ်ဖော်ပြောသွားပါတယ်။
အသင်းသားတွေအနေနဲ့ မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းသုံးချက်ဟာ အဝတ်လဲခန်းအတွင်းမှာ လုပ်ဆောင်ဖို့ ချမှတ်ထားတာပါ။
အဲဒါတွေက နောက်မကျဖို့၊ မဟုတ်တရုတ်တွေမလုပ်ဖို့နဲ့ ကိုယ့်အသင်းဖော်ကို ကူညီဖို့ ဆိုတဲ့ အချက် သုံးချက်ဖြစ်တယ်လို့ ဖရက်ဒ်က Times သတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်ရဲ့ စည်းမျဉ်းတစ်ခုကို ချိုးဖောက်ခဲ့ဖူးတဲ့ ကစားသမားက တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဖြစ်ပြီး အိပ်ပျော်နေလို့ အသင်း အစည်းအဝေးကို မတက်ခဲ့တာကြောင့်လို့ သိရပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်က ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ကို အရန်ခုံမှာပဲ ထားခဲ့တာပါ။ အဲဒီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ကဒုတိယပိုင်းမှာ လူစားဝင်ပြီး အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။