close

ဖရန့်ကီဒီဂျောင်

close

November 18, 2021

ဘာစီလိုနာအသင်းက ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကို ပေါင် ၇၅ သန်းဖြင့်ရောင်းမည်

ဘာစီလိုနာအသင်းဟာ ဟော်လန်ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်ကို မန်စီးတီးအသင်းဆီကို စတာလင်ပေါင် ၇၅ သန်းနဲ့ ရောင်းချသွားဖို့ အသင့်ရှိနေတယ်လို့သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး ပြဿနာတွေရင်ဆိုင်နေရတာကြောင့် ငွေကြေးအမြတ် ပြန်လည်ရရှိဖို့အတွက် ကြယ်ပွင့်ကွင်းလယ်လူ ဒီဂျောင်ကို ရောင်းချဖို့စီစဉ်လာခဲ့တာပါ။

နည်းပြဇာဗီရောက်ရှိလာပြီးနောက် ဒီဂျောင်ဟာ အသင်းကနေ ပထမဆုံးရောင်းထုတ်ခံရမယ့် သူဖြစ်လာမယ်လို့ The Sun သတင်းစာကို ကိုးကားပြီးစပိန်ရုပ်သံ  အယ်ချာရင်ဂူတို ကသတင်းထုတ်လွှင့်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာလည်း ကွင်းလယ်ပိုင်းမှာ ဘောလုံးကိုင်နိုင်တဲ့ ကစားသမားကို အလိုရှိနေတာကြောင့် ဖရန့်ကီဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနိုင်တယ်လို့ဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ ဟော်လန်လက်ရွေးစင် ဖရန့်ကီဒီဂျောင်ဟာ  ၂၀၁၉ ခုနှစ်က အေဂျက်ဇ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ပွဲပေါင်း ၁ဝဝ ကျော်ကစားထားပါတယ်

11 mins Ago

January 13, 2021

တိုက်စစ်ကို လိုက်ပါကစားခွင့်ရသဖြင့် ကျေနပ်ကြောင်း ဘာကာကွင်းလယ်လူ ဒီဂျောင်ပြော

အရင်ကနဲ့မတူဘဲ တိုက်စစ်ကို ပိုမိုလိုက်ပါကစားနေရတဲ့အပေါ် ပျော်ရွှင်ကျေနပ်ကြောင်း ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်က ပြောပါတယ်။  ဟော်လန်ကွင်းလယ်လူ ဒီဂျောင်ဟာ နည်းပြ ရော်နယ်ကိုးမန်းလက်ထက်မှာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခွင့်ရနေပြီး ၂ ဂိုးသွင်း၊ ၂ ကြိမ် ဂိုးဖန်တီးထားပါတယ်။ ၂၀၁၉ ခုနှစ်က ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဂျောင်ဟာ သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရပါတယ်။  ဆိုစီဒက်နဲ့ ကစားမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာတော့ တိုက်စစ်ကို အရင်ကထက် ပိုမိုလိုက်ပါကစားခွင့်ရတဲ့အပေါ်မှာ ပျော်ရွှင် ကျေနပ်မိတယ်လို့ ဒီဂျောင်က ပြောပါတယ်။ ဘာစီလိုနာအသင်းက ခြေစွမ်းပြန်လည်တိုးတက်လာနေပြီး နှစ်သစ်အစ ၃ ပွဲစလုံး နိုင်ပွဲ ရယူနိုင်ခဲ့တယ်လို့ ဒီဂျောင်က ပြောပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဆိုစီဒက်ကို အနိုင်ရခဲ့ရင် တဘက်က ဘီလ်ဘာအိုနဲ့ ရီးရဲလ်မက်ဒရစ် ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ ကစားသွားရမှာ ဖြစ်ပါတယ်။
10 months Ago
Up