close

ဘာစီလိုနာအသင်းက ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကို ပေါင် ၇၅ သန်းဖြင့်ရောင်းမည်

ဘာစီလိုနာအသင်းဟာ ဟော်လန်ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်ကို မန်စီးတီးအသင်းဆီကို စတာလင်ပေါင် ၇၅ သန်းနဲ့ ရောင်းချသွားဖို့ အသင့်ရှိနေတယ်လို့သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး ပြဿနာတွေရင်ဆိုင်နေရတာကြောင့် ငွေကြေးအမြတ် ပြန်လည်ရရှိဖို့အတွက် ကြယ်ပွင့်ကွင်းလယ်လူ ဒီဂျောင်ကို ရောင်းချဖို့စီစဉ်လာခဲ့တာပါ။

နည်းပြဇာဗီရောက်ရှိလာပြီးနောက် ဒီဂျောင်ဟာ အသင်းကနေ ပထမဆုံးရောင်းထုတ်ခံရမယ့် သူဖြစ်လာမယ်လို့ The Sun သတင်းစာကို ကိုးကားပြီးစပိန်ရုပ်သံ  အယ်ချာရင်ဂူတို ကသတင်းထုတ်လွှင့်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာလည်း ကွင်းလယ်ပိုင်းမှာ ဘောလုံးကိုင်နိုင်တဲ့ ကစားသမားကို အလိုရှိနေတာကြောင့် ဖရန့်ကီဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနိုင်တယ်လို့ဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ ဟော်လန်လက်ရွေးစင် ဖရန့်ကီဒီဂျောင်ဟာ  ၂၀၁၉ ခုနှစ်က အေဂျက်ဇ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ပွဲပေါင်း ၁ဝဝ ကျော်ကစားထားပါတယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up