close

ဖရန့်ကီဒီယွန်း

close

July 4, 2022

ဖရန့်ကီဒီယွန်းကို ရောင်းချမည်မဟုတ် ဘာစီလိုနာဥက္ကဋ္ဌ အတည်ပြု

ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကိုရောင်းချသွားဖို့အစီအစဉ်မရှိကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ ယိုအန်လာပေါ်တာကအတည်ပြုပြောကြားလိုက် ပါတယ်။

ဟော်လန်ကွင်းလယ်လူကို ခေါ်ယူဖို့ မန်ယူအသင်းက ပစ်မှတ်ထားကြိုးပမ်းနေချိန်မှာ ဘာစီလိုနာဥက္ကဋ္ဌက အတိအလင်းသတိပေးသွားခဲ့တာပါ။  

ယိုအန်လာပေါ်တာက“ဖရန့်ကီကို ခေါ်ယူလိုတဲ့အသင်းတွေက ယူနိုက်တက် တသင်းတည်းမဟုတ်ပါဘူး။ ကျနော်တို့အသင်းဘက်က သူ့ကိုရောင်းချဖို့ ရည်ရွယ်ချက်မရှိသလို သူကလည်းအသင်းမှာ ဆက်နေချင်ပါတယ်။ ဖရန့်ကီဟာ ဘောလုံးကျွမ်းကျင်သူအားလုံးရဲ့အဆိုအရ ကမ္ဘာ့အကောင်း ဆုံးကွင်းလယ်လူတဦးလို့ သတ်မှတ် ခံထားရသူပါ။ သူ့လိုကစားသမားအသင်းမှာ ရှိနေတာဟာ ကျနော်တို့အတွက် ပျော်ရွှင်ကျေနပ်စရာပါပဲ” လို့ ပြောပါတယ်။

ဘဏ္ဍာရေးအခက်အခဲတွေရှိတာမှန်ပေမယ့် အဆင်ပြေအောင်လုပ်ဆောင်နိုင်စွမ်းရှိပြီး ဒီယွန်းရဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး ပြင်ဆင်သတ်မှတ်သွားရမှာ ဖြစ်တယ်လို့ လာပေါ်တာက ဆက်ပြီးပြောသွားပါတယ်။ 

4 days Ago

June 27, 2022

ဘာကာ ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ

မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

နည်းပြသစ် တန်ဟတ်ဂ်ကိုယ်တိုင်ကလည်း အိုင်ယက်မှာ အတူလက်တွဲခဲ့ဖူးတဲ့ ဒီယွန်းကို ခေါ်ယူဖို့ အသင်းဆီကိုတောင်းဆိုထားခဲ့တာပါ။

မန်ယူအသင်းဟာ ဒီယွန်းအတွက် စုစုပေါင်း ၆၉ သန်းပေးချေရမှာဖြစ်ပြီး ဇွန်လမကုန်ခင်မှာ အပြီးသတ်ခေါ်ယူသွားမယ်လို့ ကတ်တလန်အခြေစိုက် စပိန် Sport  သတင်းစာမှာဖော်ပြပါတယ်။

မန်ယူအသင်းဟာ ကနဦးတုန်းက ပေါင် ၅၆ သန်းနဲ့ တစ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဒုတိယအကြိမ်အနေနဲ့ ပေါင် ၆၉ သန်းနဲ့ကမ်းလှမ်းချိန်မှာ သဘောတူညီမှုရရှိတော့မှာပါ။

ဟော်လန်ကွင်းလယ်လူ ဒီယွန်းကို ဘာစီလိုနာအသင်းက ၂၀၁၉ ခုနှစ်က ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး မန်ယူအသင်းကိုရောင်းချချိန်မှာ  ပေါင် ၆၉ သန်းအထိ  ရရှိတော့မှာဖြစ်ပါတယ်။

2 weeks Ago
Up