close

ဖရန့်ကီဒီယွန်းကို ရောင်းချမည်မဟုတ် ဘာစီလိုနာဥက္ကဋ္ဌ အတည်ပြု

ကွင်းလယ်လူ ဖရန့်ကီဒီယွန်းကိုရောင်းချသွားဖို့အစီအစဉ်မရှိကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ ယိုအန်လာပေါ်တာကအတည်ပြုပြောကြားလိုက် ပါတယ်။

ဟော်လန်ကွင်းလယ်လူကို ခေါ်ယူဖို့ မန်ယူအသင်းက ပစ်မှတ်ထားကြိုးပမ်းနေချိန်မှာ ဘာစီလိုနာဥက္ကဋ္ဌက အတိအလင်းသတိပေးသွားခဲ့တာပါ။  

ယိုအန်လာပေါ်တာက“ဖရန့်ကီကို ခေါ်ယူလိုတဲ့အသင်းတွေက ယူနိုက်တက် တသင်းတည်းမဟုတ်ပါဘူး။ ကျနော်တို့အသင်းဘက်က သူ့ကိုရောင်းချဖို့ ရည်ရွယ်ချက်မရှိသလို သူကလည်းအသင်းမှာ ဆက်နေချင်ပါတယ်။ ဖရန့်ကီဟာ ဘောလုံးကျွမ်းကျင်သူအားလုံးရဲ့အဆိုအရ ကမ္ဘာ့အကောင်း ဆုံးကွင်းလယ်လူတဦးလို့ သတ်မှတ် ခံထားရသူပါ။ သူ့လိုကစားသမားအသင်းမှာ ရှိနေတာဟာ ကျနော်တို့အတွက် ပျော်ရွှင်ကျေနပ်စရာပါပဲ” လို့ ပြောပါတယ်။

ဘဏ္ဍာရေးအခက်အခဲတွေရှိတာမှန်ပေမယ့် အဆင်ပြေအောင်လုပ်ဆောင်နိုင်စွမ်းရှိပြီး ဒီယွန်းရဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး ပြင်ဆင်သတ်မှတ်သွားရမှာ ဖြစ်တယ်လို့ လာပေါ်တာက ဆက်ပြီးပြောသွားပါတယ်။ 

//
Up