close

ဖာဂူဆန်

close

March 16, 2023

အာဆင်နယ်နှင့် မန်စီးတီး ဘယ်သူချန်ပီယံဖြစ်ဖြစ် စိတ်မဝင်စားဟု ဖာဂူဆန်ပြော

အာဆင်နယ်နဲ့ မန်စီးတီး ဘယ်အသင်းချန်ပီယံဖြစ်နေနေ စိတ်မဝင်စားကြောင်း မန်ယူနည်းပြ ဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ပြောသွားပါတယ်။

အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီး တစ်သင်းကသာ ချန်ပီယံဆုဖလားရယူနိုင်ဖို့ရှိပြီး မန်ယူအသင်းအပါအဝင် တခြားအသင်းတွေအတွက် အခွင့်အရေးမရှိသလောက် နည်းပါးတယ်လို့ သုံးသပ်ကြတာပါ။ 

မြင်းပြိုင်ပွဲလာကြည့်တဲ့ ဖာဂူဆန်ကို ပြိုင်ပွဲမစတင်ခင်မှာ အာဆင်နယ်နဲ့ မန်စီးတီး ဘယ်အသင်းချန်ပီယံဖြစ်မလဲလို့ မြင်းပြိုင်ပွဲတင်ဆက်သူ မက်ချက်မန်က မေးမြန်းခဲ့တာပါ။ နည်းပြဟောင်းဖာဂူဆန်ကတော့ ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာ စိတ်မဝင်စားကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။

အဲဒီနောက် ကျင်းပခဲ့တဲ့မြင်းပြိုင်ပွဲမှာ ဖာဂူဆန်ပိုင်ဆိုင်တဲ့ မြင်းဟာ ပြိုင်ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။

20 seconds Ago

January 17, 2023

ဖာဂူဆန်၏အမိန့်ကို ငြင်းဆန်နိုင်စွမ်းမရှိသဖြင့် မန်ယူနည်းပြဖြစ်လာခဲ့ရဟု မိုယက်စ်ပြော

နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အမိန့်ကြောင့် ငြင်းဆန်နိုင်စွမ်းမရှိတော့ဘဲ မန်ယူအသင်းကို တာဝန်ယူခဲ့ရကြောင်း မိုယက်စ်က ပြောသွားပါတယ်။

နည်းပြကြီး ဖာဂူဆန်ဟာ မိုယက်စ်ကို သူ့အိမ်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အင်တာဗျူးလုပ်တာမျိုး၊ ယူနိုက်တက်ကို ကိုင်တွယ်ချင်သလား မေးတာမျိုး ဘာမှမရှိခဲ့ကြောင်း မိုယက်စ်က ပြန်လည်ပြောပြခဲ့တာပါ။

“ကျနော် သူနဲ့တွေ့တော့ ငါအနားယူတော့မှာမလို့ မင်းက မန်ချက်စတာယူနိုက်တက် အသင်းကို တာဝန်ယူလိုက်ပါဆိုပြီး ပြောတယ်။ အင်တာဗျူးတာလည်း မရှိသလို ကိုင်တွယ်ချင်တဲ့ဆန္ဒကော ရှိသလားလို့လည်း ဘာမှမမေးခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ဆာအဲလက်စ် အနားယူတော့မယ်ဆိုတာ ဘယ်သူမှတောင် မသိသေးတဲ့အချိန်ဖြစ်လို့ ကျနော် အတော်အံ့အားသင့်ခဲ့ရတယ်” လို့ မိုယက်စ်က ပြောပါတယ်။

အဲဒီအချိန်မှာ တခြားအသင်း ၃ သင်းလောက်ရဲ့ ကမ်းလှမ်းမှုတွေလည်း ရှိခဲ့ပေမဲ့ ဖာဂူဆန်ရဲ့ တာဝန်ပေးမှုကို လွန်ဆန်နိုင်ခြင်း မရှိခဲ့ကြောင်း မိုယက်စ်က ပြန်လည်ပြောပြသွားပါတယ်။

2 months Ago
Up