အာဆင်နယ်နှင့် မန်စီးတီး ဘယ်သူချန်ပီယံဖြစ်ဖြစ် စိတ်မဝင်စားဟု ဖာဂူဆန်ပြော

4
အာဆင်နယ်နဲ့ မန်စီးတီး ဘယ်အသင်းချန်ပီယံဖြစ်နေနေ စိတ်မဝင်စားကြောင်း မန်ယူနည်းပြ ဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ပြောသွားပါတယ်။
အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီး တစ်သင်းကသာ ချန်ပီယံဆုဖလားရယူနိုင်ဖို့ရှိပြီး မန်ယူအသင်းအပါအဝင် တခြားအသင်းတွေအတွက် အခွင့်အရေးမရှိသလောက် နည်းပါးတယ်လို့ သုံးသပ်ကြတာပါ။
မြင်းပြိုင်ပွဲလာကြည့်တဲ့ ဖာဂူဆန်ကို ပြိုင်ပွဲမစတင်ခင်မှာ အာဆင်နယ်နဲ့ မန်စီးတီး ဘယ်အသင်းချန်ပီယံဖြစ်မလဲလို့ မြင်းပြိုင်ပွဲတင်ဆက်သူ မက်ချက်မန်က မေးမြန်းခဲ့တာပါ။ နည်းပြဟောင်းဖာဂူဆန်ကတော့ ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာ စိတ်မဝင်စားကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။ အဲဒီနောက် ကျင်းပခဲ့တဲ့မြင်းပြိုင်ပွဲမှာ ဖာဂူဆန်ပိုင်ဆိုင်တဲ့ မြင်းဟာ ပြိုင်ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။