close

ဖာဒီနန်

close

February 16, 2023

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်ဟု ဖာဒီနန် သုံးသပ်

အခုနှစ် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သုံးသပ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ လက်ရှိအချိန်မှာ ၁၆ သင်းအဆင့် ရှုံးထွက်ရောက်ရှိနေပြီး ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီအသင်းတွေဟာလည်းချန်ပီယံ ဖြစ်ဖို့ရေပန်းစားမှုရှိပါတယ်။ 

BT Sport ရဲ့ ဘောလုံးသုံးသပ်သူ ရီယိုဖာဒီနန်ကတော့ တိုက်စစ်မှူး ဟာလန်းနဲ့ နည်းပြ ဂွါဒီယိုလာကြောင့် မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။

“ချန်ပီယံအသင်း ခန့်မှန်းရတာခက်ခဲပေမဲ့ စီးတီးအသင်းကိုပဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပြဂွါဒီယိုလာနဲ့ တိုက်စစ်မှူးဟာလန်းတို့ ရှိနေတာကြောင့် ဖြစ်တယ်။ ဂွါဒီယိုလာက  စီးတီးနဲ့အတူ ချန်ပီယံလိဂ် မရဖူးသေးပါဘူး။ ချန်ပီယံလိဂ်ဆုဖလားယူပြီး လူတွေကို နှုတ်ဆိတ်သွားစေဖို့ သူ လုပ်ဆောင်လိမ့်မယ်”လို့ ဖာဒီနန်ကပြောပါတယ်။

မန်စီးတီးဟာ ၁၆ သင်းအဆင့်မှာ ဂျာမန်ကလပ် လိုက်ဇစ်နဲ့ တွေ့ဆုံနေပြီး လာမယ့်ဖေဖော်ဝါရီ ၂၃ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီမနက်အစောပိုင်းကန်သွားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အာဆင်နယ်ကို တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးသွင်းအပါအဝင် (၃-၁) ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ကို ရောက်လာပါတယ်။

7 mins Ago

January 19, 2023

သောမတ်စ် ပါတေးထက် ကတ်စမီရိုက ခံစစ်ပိုင်းစွမ်းဆောင်ရည် ပိုကောင်းဟု ဖာဒီနန်ပြော

အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ မန်ယူကွင်းလယ်လူ ကတ်စမီရိုလောက် မကောင်းဘူးလို့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပြောသွားပါတယ်။

ကွင်းလယ်ကစားသမားနှစ်ယောက်စလုံးက အသင်းအတွက် အရေးပါတာချင်း တူညီကြပေမဲ့ ပါတေးက ကတ်စမီရိုရဲ့ အချက်အလက်တွေလောက် မကောင်းကြောင်း ဖာဒီနန်က ပြောပါတယ်။

“ပါတေးက ကတ်စမီရို လုပ်ဆောင်နေတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေလောက် ကောင်းမွန်တယ်လို့ မထင်ပါဘူး။ ဘောလုံးနဲ့အတူ ပေးပို့မှုတွေမှာ ပိုပြီး လုပ်ကောင်း လုပ်နိုင်ပေမဲ့ မန်ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းအတွက်ဆိုရင်တော့ ပါတေးက အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” လို့ ဖာဒီနန်က ပြောပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ပါတေးဟာ ဘောလုံးပေးပို့မှုတွေမှာတော့ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကောင်းမွန်တယ်လို့ ဖာဒီနန်က ပြောပါတယ်။

Opta ရဲ့ အချက်အလက်အရ ကတ်စမီရိုက ဂိုးသွင်းခွင့်ဖန်တီးနိုင်မှုမှာ ပါတေးထက် တကြိမ်အသာရသလို ဖျက်ထုတ်မှုမှာလည်း ပါတေးထက် ၁၂ ကြိမ် အသာရနေတာပါ။

ဒါပေမဲ့ ဘောလုံးပိုင်ဆိုင်နိုင်မှုတွေမှာတော့ ပါတေးက ကတ်စမီရိုထက် ၂၈ ကြိမ်ပိုများပြီး ခေါင်းတိုက်ပေးပို့မူတွေမှာလည်း တိကျမှု ပိုရှိနေပါတယ်။

4 weeks Ago
Up