close

ဖာနန်ဒင်ဟို

close

April 13, 2022

ပွဲကစားခွင့်ရချင်သဖြင့် မန်စီးတီးက ထွက်ခွာမည်ဟု ဖာနန်ဒင်ဟို အတည်ပြု

ပွဲကစားခွင့် ရရှိချင်တဲ့အတွက် အခုနှစ်ရာသီအကုန်မှာ မန်စီးတီးကနေ ထွက်ခွာတော့မယ်လို့ ကွင်းလယ်လူ ဖာနန်ဒင်ဟိုက ပြောပါတယ်။

အသက် ၃၆ နှစ်ရှိ ဘရာဇီးကွင်းလယ်လူဟာ အခုနှစ်ရာသီမှာ လိဂ်ပွဲစဉ် ၅ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာပါ။

ရာသီကုန်မှာ စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ အသင်းကနေ ထွက်ခွာမယ်လို့ ဖာနန်ဒင်ဟိုက အတည်ပြုခဲ့တာပါ။‌

“ကျနော် ပွဲကစားချင်ပါတယ်။ အသင်းကနေ ထွက်ခွာပြီး ဘရာဇီးကို ပြန်ကစားမှာပါ။ ကျနော့်အတွက် အရေးပါဆုံးဖြစ်တဲ့ မိသားစုနဲ့အတူ ဆုံးဖြတ်ချက်ချခဲ့တာပါ” လို့ ဖာနန်ဒင်ဟိုက ပြောပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်ကတည်းက ယူကရိန်းကလပ် ရှက်တာဒိုးနက်ကနေ ပြောင်းရွှေ့လာခဲ့သူပါ။ မန်စီးတီးနဲ့အတူ စုစုပေါင်းပွဲ ၂၅၀ ကျော်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၆ ကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

နည်းပြဂွါဒီယိုလာကတော့ ဖာနန်ဒင်ဟို အသင်းက ထွက်ခွာမယ်ဆိုတာ မျှော်လင့်မထားတဲ့ကိစ္စ ဖြစ်ပေမယ့် ကစားသမားရဲ့ဆန္ဒကို ဦးစားပေးရမယ်လို့ ပြောထားပါတယ်။

10 mins Ago

October 22, 2020

မန်စီတီး ၃ - ၁ ပေါ်တို၊ ဒဏ်ရာရ ဖာနန်ဒင်ဟိုအခြေအနေ စိုးရိမ်ဟု ဂွါဒီယိုလာ ပြော (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၂၁ ရက်ညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဖာနန်ဒင်ဟိုရဲ့ အခြေအနေနဲ့ပတ်သက်လို့ အဆိုးဆုံးဖြစ်လာမှာ စိုးရိမ်မိတယ်လို့ မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာ က ပြောပါတယ်။  အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ဒီပွဲမှာ မန်စီတီးအသင်းက ပေါ်တိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ အဖွင့်လှခဲ့ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ဖာနန်ဒင်ဟို ဒဏ်ရာရရှိသွားခဲ့ခြင်းက အသင်းအတွက် ထိုးနှက်ချက်တခုဖြစ်လာနိုင်  ပြီး ဘရာဇီးလ်ကစားသမားဟာ ၈၄ မိနစ်မှာမှ လူစားဝင်ခဲ့ပေမဲ့ ပွဲအပြီးခင်မှာတင် ဒဏ်ရာ ကြောင့်ကွင်းထဲက နေထွက်ခွာသွားခဲ့ရပါတယ်။ မန်စီတီးအသင်းဟာ ဒီဘရိုင်း၊ ဂျေဆု၊ အကီ၊ မန်ဒီ၊လာပေါ့ထ်တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီဖြစ်ပြီး ဖာနန်ဒင်ဟိုပါ ဒဏ်ရာရ ကစားသမားစာရင်းကို ရောက်ရှိသွားခဲ့ခြင်းက အသင်းအတွက် စိုးရိမ်စရာဖြစ် လာပါတယ်။  ကွင်းလယ်လူဟာ အောက်တိုဘာ ၂၁ ရက်ပွဲမှာ ဂျွန်စတုမ်းနဲ့ လူစားလဲခဲ့ရပြီး ဒဏ်ရာ ကြောင့်သူဟာ ကာလ တခုအထိ အနားယူရနိုင်တယ်လို့ ဂွါဒီယိုလာက ပွဲအပြီးမှာပြောပါတယ်။ “သတင်းဆိုးကတော့ သူဒဏ်ရာရရှိခဲ့တာပါ။ သူဟာ ကာလရှည်အနားယူရတော့မယ့်ပုံစံ ဖြစ်ပြီး ဒါဟာဖြစ်ပြီးခဲ့ပါပြီ” လို့ ဂွါဒီယိုလာက ပြောပါတယ်။  “ သူ သီတင်းပတ် ၄ ခုကနေ ၆ ခုလောက်အထိအနားယူရနိုင်ပါတယ်။ သေချာတာကတော့ ဒါဟာအသင်းအတွက်သတင်းကောင်းမဟုတ်ပါဘူး။ ပွဲတွေ ကစားဖို့ အများကြီးရှိနေတဲ့အချိန်မှာ ကစားသမားတွေ ဒဏ်ရာရှိနေတာက ကျနော်တို့အတွက်ပြသနာပါ။ ဒါပေမဲ့ ဒါတွေက ဖြစ်လေ့ ဖြစ်ထရှိတဲ့အခြေအနေပါပဲ”လို့လည်း ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောပါတယ်။ ဒီပွဲမှာ မန်စီတီးအသင်းဟာ အက်ဂွဲရိုး၊ ဂမ်ဒိုဝန်၊ ကစားသမားသစ် ဖာဟန်တောရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒင်ဟို ဒဏ်ရာရရှိခဲ့ပေမဲ့လို့ ပေါ်တိုနဲ့ပွဲမှာ အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီး ကျေနပ်မှု ရှိတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီတီးဟာ လာမယ့်သီတင်းပတ်မှာ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်အဖြစ် မာဆေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။  “ပထမပိုင်းပြီးခါနီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နဲ့ ဒုတိယ ပိုင်းအစမှာ ကျနော်တို့ ပွဲကို ကောင်းကောင်းကစားခဲ့ပါတယ်။ ဒါဟာကောင်းမွန်တဲ့ အဖွင့်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ချန်ပီယံ လိဂ်မှာ ကစားသမား ၅ ယောက် လူစားလဲခွင့် ရရှိခြင်းက ကောင်းမွန်တဲ့အခြေအနေလည်း ဖြစ်ပါ တယ်” လို့ ဂွါဒီယိုလာက ပြောပါတယ်။
1 year Ago
Up