close

ပွဲကစားခွင့်ရချင်သဖြင့် မန်စီးတီးက ထွက်ခွာမည်ဟု ဖာနန်ဒင်ဟို အတည်ပြု

ပွဲကစားခွင့် ရရှိချင်တဲ့အတွက် အခုနှစ်ရာသီအကုန်မှာ မန်စီးတီးကနေ ထွက်ခွာတော့မယ်လို့ ကွင်းလယ်လူ ဖာနန်ဒင်ဟိုက ပြောပါတယ်။

အသက် ၃၆ နှစ်ရှိ ဘရာဇီးကွင်းလယ်လူဟာ အခုနှစ်ရာသီမှာ လိဂ်ပွဲစဉ် ၅ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာပါ။

ရာသီကုန်မှာ စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ အသင်းကနေ ထွက်ခွာမယ်လို့ ဖာနန်ဒင်ဟိုက အတည်ပြုခဲ့တာပါ။‌

“ကျနော် ပွဲကစားချင်ပါတယ်။ အသင်းကနေ ထွက်ခွာပြီး ဘရာဇီးကို ပြန်ကစားမှာပါ။ ကျနော့်အတွက် အရေးပါဆုံးဖြစ်တဲ့ မိသားစုနဲ့အတူ ဆုံးဖြတ်ချက်ချခဲ့တာပါ” လို့ ဖာနန်ဒင်ဟိုက ပြောပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်ကတည်းက ယူကရိန်းကလပ် ရှက်တာဒိုးနက်ကနေ ပြောင်းရွှေ့လာခဲ့သူပါ။ မန်စီးတီးနဲ့အတူ စုစုပေါင်းပွဲ ၂၅၀ ကျော်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၆ ကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

နည်းပြဂွါဒီယိုလာကတော့ ဖာနန်ဒင်ဟို အသင်းက ထွက်ခွာမယ်ဆိုတာ မျှော်လင့်မထားတဲ့ကိစ္စ ဖြစ်ပေမယ့် ကစားသမားရဲ့ဆန္ဒကို ဦးစားပေးရမယ်လို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up