close

ဖာနန်ဒိုတောရက်စ်

close

February 20, 2023

လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်က ဒါဝင်နူနက်ဇ်ကို ဖာနန်ဒိုတောရက်စ်နှင့် နှိုင်းယှဉ်ချီးကျူး

လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်က တိုက်စစ်မှူးဒါဝင်နူနက်ဇ်ကို တချိန်က တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နဲ့ နှိုင်းယှဉ်ချီးကျူးသွားပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ်မှာ ၆ ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။

အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ နည်းပြဟောင်း ဘင်နီတက်ဇ်ကတော့ နူနက်ဇ်ဟာ ဖာနန်ဒိုတောရက်စ် လီဗာပူးအသင်းဆီရောက်လာချိန်ကလိုဖြစ်ပြီး တချိန်မှာ တောရက်စ်လို တိုက်စစ်မှူးဖြစ်လာလိမ့်မယ်လို့ ချီးကျူးသွားခဲ့တာပါ။

တောရက်စ်ဟာ လီဗာပူးအသင်းဆီရောက် လာချိန်က နူနက်ဇ်လိုပဲ အကောင်းဆုံး အဆုံးသတ်ဂိုးသွင်းနိုင်သူမဟုတ်ခဲ့ကြောင်း၊ အသင်းနဲ့အတူ သေချာ အံဝင်လာတဲ့အချိန်မှာတော့ အားလုံးသိကြတဲ့ တောရက်စ်ဆိုပြီးဖြစ်လာခဲ့ကြောင်း၊ နူနက်ဖ်ဟာလည်း တောရက်စ်လို တိုက်စစ်မှူးဖြစ်လာနိုင်ကြောင်း ဘင်နီတက်ဇ်က ချီးကျူးခဲ့တာဖြစ်ပါတယ်။ 

2 hours Ago

January 18, 2021

အက်သလက်တီကို B အသင်းနည်းပြအဖြစ် တောရက်စ် တာဝန်ယူမည်

စပိန်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဟာ အက်သလက်တီကိုမက်ဒရစ် B အသင်း နည်းပြအဖြစ် ခန့်အပ်ခံရပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ လီဗာပူးနဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တောရက်စ်ဟာ ၂၀၁၉ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာပါ။ အက်သလက်တီကိုမှာ ကစားခဲ့ပြီး ဂျပန်ကလပ် ဆာဂမ်တိုဆူအသင်းမှာ ကစားပြီး ကစားသမားဘဝကနေ အနားယူခဲ့တာပါ။ စပိန်သတင်းစာ မာကာရဲ့ အဆိုအရ တောရက်စ်ဟာ လူငယ်နည်းပြချုပ် ရစ်ကီအလွန်ဆိုရဲ့ နည်းပြအဖွဲ့စာရင်းမှာ ပါဝင်ခဲ့ပြီးနောက် အက်သလက်တီကိုဘီအသင်း နည်းပြအဖြစ် တာဝန်ပေးခံခဲ့ရတာလို့ သိရပါတယ်။ တောရက်စ်ဟာ ကစားသမားဘဝက နာမည်ကြီးနည်းပြတွေဖြစ်တဲ့ ဒယ်ဘော့စကေး၊ ဘင်နီတက်ဇ်၊ မော်ရင်ဟို အစရှိတဲ့နည်းပြတွေရဲ့ လက်အောက်မှာ ပါဝင်ကစားခဲ့ပါတယ်။
2 years Ago
Up