လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်က ဒါဝင်နူနက်ဇ်ကို ဖာနန်ဒိုတောရက်စ်နှင့် နှိုင်းယှဉ်ချီးကျူး

လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်က တိုက်စစ်မှူးဒါဝင်နူနက်ဇ်ကို တချိန်က တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နဲ့ နှိုင်းယှဉ်ချီးကျူးသွားပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ်မှာ ၆ ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။
အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ နည်းပြဟောင်း ဘင်နီတက်ဇ်ကတော့ နူနက်ဇ်ဟာ ဖာနန်ဒိုတောရက်စ် လီဗာပူးအသင်းဆီရောက်လာချိန်ကလိုဖြစ်ပြီး တချိန်မှာ တောရက်စ်လို တိုက်စစ်မှူးဖြစ်လာလိမ့်မယ်လို့ ချီးကျူးသွားခဲ့တာပါ။
တောရက်စ်ဟာ လီဗာပူးအသင်းဆီရောက် လာချိန်က နူနက်ဇ်လိုပဲ အကောင်းဆုံး အဆုံးသတ်ဂိုးသွင်းနိုင်သူမဟုတ်ခဲ့ကြောင်း၊ အသင်းနဲ့အတူ သေချာ အံဝင်လာတဲ့အချိန်မှာတော့ အားလုံးသိကြတဲ့ တောရက်စ်ဆိုပြီးဖြစ်လာခဲ့ကြောင်း၊ နူနက်ဖ်ဟာလည်း တောရက်စ်လို တိုက်စစ်မှူးဖြစ်လာနိုင်ကြောင်း ဘင်နီတက်ဇ်က ချီးကျူးခဲ့တာဖြစ်ပါတယ်။