close

ဖာပွန်တိုက်ပွဲ

close

June 4, 2022

ဖာပွန်တိုက်ပွဲများ၌ မေလအတွင်း တပ်ရင်းမှူး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၃ ဦးသေ

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်မှာ မေလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၃၄၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၃ ဦးသေဆုံးပြီး ၁၀၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့  ကေအန်ယူက ဇွန် ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦးအပါအဝင် ၁၄၃ ဦးသေဆုံးပြီး တပ်ခွဲမှူးအပါအဝင် ၁၀၈ ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်က စစ်သည် ၁ ဦးကျဆုံး  ၇ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ထောက်ပို့မြင်းလား ၂၉ ကောင်ကို သတ်ဖြတ်နိုင်ခဲ့သလို ၄ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ ရုံးအဆောက်အအုံ ၁ လုံးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ အမြောက်လက်နက်ကြီးကျည် ၁၀၆ လုံးကို  KNLA တပ်ဖွဲ့တွေရှိရာ ရမ်ပစ်ခတ်ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ ဥယာဉ်ခြံမြေတွေအတွင်းကို တမင်ရည်ရွယ်ကာပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြအတွင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာတွေအပြင် လေယာဉ်ကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ၇၀,၀၀၀ ကျော် တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက်မှာ စစ်ဘေးရှောင်နေရပါတယ်။

မိုးကာလရောက်ရှိလာပြီးဖြစ်တဲ့အတွက် ကေအန်ယူ ထိန်းချုပ်နယ်မြေတွင်းက စစ်ဘေးရှောင်တွေဟာ စားရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အအုံလိုအပ်ချက်တွေ ရှိနေတဲ့အပြင် ရောဂါဖြစ်ပွားနေသူတွေကို လတ်တလော ဆေးဝါးကုသမှုပေးနိုင်ဖို့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (KDHW) အတွင်းရေးမှူး စောလာစဲက ပြောပါတယ်။

အထူးသဖြင့် သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ ဖာပွန်(မူတြော်)ခရိုင်တပ်မဟာ (၅) နယ်မြေတွေဟာ သွားရေးလာရေးခက်ခဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားရိက္ခာနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတာပါ။

14 mins Ago

March 12, 2022

ဖာပွန်တိုက်ပွဲ၌ စစ်ကောင်စီတပ်ရင်းမှူး၊ ဗိုလ်မှူးအပါအဝင် ၁၄ ဦးသေ၊ ၁၆ ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

ကရင်ပြည်နယ်၊ ကေအန်ယူနယ်မြေ  မူတြော် (ဖာပွန်) ခရိုင်၊ မယ့်တရူလော်ရွာမှာ မတ်လ ၁၁ ရက် မနေ့ မနက်  ၁၁ နာရီခွဲလောက်က  စစ်ကောင်စီ ခြေလျင်တပ်ရင်း ၉၇ ကို   KNLA တပ်မဟာ ၅ နဲ့  ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးပြီး ၁၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့  တိုက်ပွဲဟာ အချိန် ၆ နာရီကျော် အထိကြာမြင့်ခဲ့ပြီး သေဆုံးတွေထဲမှာ  ကော့ကရိတ်အခြေစိုက် ၉၇ တပ်ရင်းမှ တပ်ရင်းမှူးတယောက်နဲ့ ဗိုလ်မှူးတယောက်လည်းပါဝင်ကာ လက်နက်   ၂၉ လက်နဲ့ တခြားခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေထံက RPG-7 ၂ လက်၊ စက်လက် ၁ လက်၊ K3 မောထော ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်၊ RPG ကျည် ၆ လုံး၊ ၆၀ မမ ကျည် ၅ လုံး၊ ၇၉ မမ ကျည် ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဦးထုပ် ၂၄ လုံး၊ ဖုန်း ၁၅ လုံး၊ စနိုက်ပါ ကျည်ကတ် ၆ ခု၊ စက်လက်ကျည်ကတ်(အဝိုင်း) ၁ ခု၊ K3 ကျည် ၂၀၉၉ ခု၊ Nato စက်လက် ကျည် ၅၆၇ ခု၊ ဆွဲမိုင်း ၁လုံး၊ ငွေ ၃,၉၁၁,၁၁၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်တိုက်ပွဲ ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ 

အဆိုပါ တိုက်ပွဲအတွင်း  KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်မှ တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။

3 months Ago
Up