close

ဖာပွန်တိုက်ပွဲ၌ စစ်ကောင်စီတပ်ရင်းမှူး၊ ဗိုလ်မှူးအပါအဝင် ၁၄ ဦးသေ၊ ၁၆ ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

ကရင်ပြည်နယ်၊ ကေအန်ယူနယ်မြေ  မူတြော် (ဖာပွန်) ခရိုင်၊ မယ့်တရူလော်ရွာမှာ မတ်လ ၁၁ ရက် မနေ့ မနက်  ၁၁ နာရီခွဲလောက်က  စစ်ကောင်စီ ခြေလျင်တပ်ရင်း ၉၇ ကို   KNLA တပ်မဟာ ၅ နဲ့  ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးပြီး ၁၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့  တိုက်ပွဲဟာ အချိန် ၆ နာရီကျော် အထိကြာမြင့်ခဲ့ပြီး သေဆုံးတွေထဲမှာ  ကော့ကရိတ်အခြေစိုက် ၉၇ တပ်ရင်းမှ တပ်ရင်းမှူးတယောက်နဲ့ ဗိုလ်မှူးတယောက်လည်းပါဝင်ကာ လက်နက်   ၂၉ လက်နဲ့ တခြားခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေထံက RPG-7 ၂ လက်၊ စက်လက် ၁ လက်၊ K3 မောထော ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်၊ RPG ကျည် ၆ လုံး၊ ၆၀ မမ ကျည် ၅ လုံး၊ ၇၉ မမ ကျည် ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဦးထုပ် ၂၄ လုံး၊ ဖုန်း ၁၅ လုံး၊ စနိုက်ပါ ကျည်ကတ် ၆ ခု၊ စက်လက်ကျည်ကတ်(အဝိုင်း) ၁ ခု၊ K3 ကျည် ၂၀၉၉ ခု၊ Nato စက်လက် ကျည် ၅၆၇ ခု၊ ဆွဲမိုင်း ၁လုံး၊ ငွေ ၃,၉၁၁,၁၁၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်တိုက်ပွဲ ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ 

အဆိုပါ တိုက်ပွဲအတွင်း  KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်မှ တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up