close

ဖာရန်တောရက်စ်

close

November 30, 2021

မန်စီးတီးတိုက်စစ်မှူး ဖာရန်တောရက်စ်ကို ခေါ်ယူရန် ကြိုးပမ်းနေဟု ဘာစီလိုနာ အတည်ပြု

မန်ချက်စတာစီးတီးတိုက်စစ်မှူး  ဖာရန်တော့ရက်စ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဘာစီလိုနာအသင်း ဒုတိယဥက္ကဋ္ဌက အတည်ပြုပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်ရှိ စပိန်ကစားသမား ဖာရန် တောရက်စ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့်အနားယူနေရတာဖြစ်ပြီး တောရက်စ်ကို ဘာစီလိုနာနည်းပြသစ် ဇာဗီက အလိုရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအမှုဆောင်အရာရှိချုပ်နဲ့  ဘောလုံးဒါရိုက်တာတို့ဟာ ပြီးခဲ့တဲ့ တစ်ပတ်က မန်စီးတီးအသင်းဆီ လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဒုတိယ ဥက္ကဋ္ဌ ရာဖေးရက်စ်တီကတော့ ဖာရန်တော့ရက်စ်အတွက် မန်စီးတီးနဲ့ ဆွေးနွေးနေတာကို အတည်ပြုခဲ့ပြီး မန်စီးတီးမှာမိတ်ဆွေကောင်းတွေရှိတာကြောင့် ဆက်ဆံရေးကောင်းမွန်နေတယ်လို့ ပြောပါတယ်။

ဖာရန်တော့ရက်စ်ဟာ ၂၀၂ဝ ပြည့်နှစ်က စပိန်ကလပ်ဗလင်စီယာကနေ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ ပြီး မန်စီးတီးအတွက် ၄၃ ပွဲမှာ ၁၆ ဂိုးသွင်းယူ ထားပါတယ်။ ဘာစီလိုနာအနေနဲ့ မန်စီးတီးခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးရဲ့ ၂ ဆ လောက် ဖြစ်တဲ့ ပေါင် ၄၂ သန်း လောက် ပေးချေရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

4 days Ago

July 30, 2020

ဖာရန်တောရက်စ်ကို ပေါင်သန်း ၂၀ ကျော်သုံး၍ မန်စီးတီး ခေါ်မည်

မန်စီးတီးအသင်းဟာ ဗလင်စီယာလူငယ်ကြယ်ပွင့် ဖာရန်တောရက်စ်ကို ပေါင်သန်း၂၀ ကျော်နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။   အသက်၂၀ နှစ်ပဲရှိသေးတဲ့ ဖာရန်တောရက်စ်ဟာ စပိန်ယူ ၂၁ လက်ရွေးစင်တစ်ဦးဖြစ်ပြီး အနာဂတ်မှာထွန်းတောက်လာမယ့်ကစားသမားအဖြစ်သတ်မှတ်ခံထားရတာပါ။  မန်စီးတီးအသင်းဟာ ဖာရန်တောရက်စ်အတွက် ပေါင် ၂၀ ဒသမ ၈၆သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး မကြာခင် မှာအပြီးသတ်ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။  ဗလင်စီယာအသင်းဘက်က ပေါင်သန်း ၄၀ ခန့်အလိုရှိပေမဲ့ တောရက်စ်ရဲ့ စာချုပ် သက်တမ်းက နောက်ဆုံးနှစ်အတွင်း ရောက်ရှိနေတာကြောင့် ပေါင်သန်း ၂၀ကျော်နဲ့ လက်လွှတ်လိုက်ရဖို့ ဖြစ်လာတာလို့သိရပါတယ်။  ညာတောင်ပံကစားသမား ဖာရန်တောရက်စ်ဟာ အခုနှစ်လာလီဂါမှာ ၃၄ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်း ၅ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။  ဗလင်စီယာအသင်းဟာ မန်စီးတီးကနေ ဂရန်နာဒါအသင်းဆီ အငှားချထားတဲ့ ကွင်းလယ်လူ ရန်ဂျယ်ဟာရဲယားကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ 
1 year Ago
Up