close

ဖားကန့်မြို့နယ်

close

April 21, 2023

ဖားကန့်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုးပြီး ဒေသခံ ၆၀ ကျော်ကို ထပ်မံဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက မှော်ဘုံ(မဒဲန်ယန်)ကျေးရွာကို ဧပြီ ၂၁ ရက် ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံ ၆၀ ကျော်ထပ်မံ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “ရွာထဲကသူတွေကို PDF၊ NUG ကို မထောက်ခံကြောင်း၊ အလိုမရှိကြောင်း အော်ခိုင်းတယ်။ အဲ့ဒါကို သူတို့ဖုန်းတွေနဲ့ရိုက်ပြီး မှတ်တမ်းယူတာတွေ လုပ်တယ်။ ပြီးတော့ အခု ဒေသခံ ၆၀ ကျော်ကို ဖမ်းဆီးထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံ ၆၀ ကျော်လောက်ကို ဖမ်းဆီးပြီး စစ်ကောင်စီတပ်သား ၅၀ လောက်နဲ့ ရွာကထွက်ခွာသွားသလို စစ်ကောင်စီတပ်တချို့က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ် ကျေးရွာထဲ ဝင်ရောက်လာချိန်မှာလည်း ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြော​ပါတယ်။

ကချင်ပြည်နယ်၊  ဖားကန့်မြို့နယ်မှာ ဧပြီ ၁၈ ရက်မနက်ကလည်း တိုက်ပွဲဖြစ်ပြီး   စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးလာသည့် ရွာသားတွေထဲက အမျိုးသမီး ၁ ဦးသေဆုံးပြီး ၆ ဦး  ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၆) ကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းရှိပါတယ်။ 

6 mins Ago

March 20, 2023

ဖားကန့်မြို့နယ်တွင် ကုန်စုံဆိုင်ပိုင်ရှင် ၁ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ မတ် ၁၈ ညနေပိုင်းက ကုန်စုံဆိုင်ပိုင်ရှင် တယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

အောဒီကုန်စုံဆိုင်ပိုင်ရှင် ဦးတင်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့ကတဖွဲ့က  နေအိမ်မှာရှိနေစဉ် လာဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒေသခံ ရွာသားတဦးက "ညနေပိုင်းလောက် ဆိုင်ထဲကို သေနတ်တွေနဲ့ ဝင်လာပြီး ဦးတင်ဌေးကို ဖမ်းသွားတာ။ ယူနီဖေါင်းတွေ ဘာတွေ မဝတ်ထားတော့ ဘယ်အဖွဲ့မှန်းလည်း မသိဘူး။ ဘာကြောင့် ဖမ်းတာလည်းမသိရဘူး" လို့ ပြောပါတယ်။

ဦးတင်ဌေးဟာ ကုန်စုံဆိုင်ဖွင့်လှစ်ထားပြီး ဆက်ဆံရေး ပြေပြစ်သူတစ်ဦးဖြစ်ကာ အဖွဲ့အစည်းတွေနဲ့လည်း ဆက်ဆံရေး ပြေလည်သူတစ်ယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ  မတ်လပိုင်းအတွင်း အဖမ်းဆီးတွေဆက်တိုက်ရှိနေပြီး  စစ်ကောင်စီက ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုရုံးမှာ အစည်းအဝေးပြုလုပ်နေတဲ့ ပြည်သူ အယောက် ၃၀ ကို ဖမ်းဆီးခဲ့သလို အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံးကိုလည်း ဝင်ရောက်ဖျက်စီးကာ ရုံးစောင့် အမျိုးသား လူငယ်တစ်ဦးကို  ဖမ်းဆီးခဲ့ပါသေးတယ်။

1 month Ago
Up