close

ဖိလစ်ပိုင်သမ္မတ ဒူတာတေး

close

November 23, 2021

တရုတ်သင်္ဘောများလုပ်ရပ်အပေါ် ဖိလစ်ပိုင်သမ္မတ ပြစ်တင်ရှုတ်ချ

တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောတွေနဲ့ လတ်တလော အငြင်းအခုံဖြစ်ရတဲ့ ကိစ္စကို ရွံရှာစက်ဆုပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးက ပြဿနာတွေကို ဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းပဲလို့ ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂိုက ပြောလိုက်ပါတယ်။

“လတ်တလောဖြစ်ရပ်ကို စက်ဆုပ်တယ်။ ဒါဟာ ကျနော်တို့ နိုင်ငံတွေကြားက ဆက်ဆံရေးတွေကို အကောင်းပြောမှာ မဟုတ်ဘူး” လို့ သမ္မတ ဒူဒါတေက နိုဝင်ဘာ ၂၂ ရက်နေ့ အာဆီယံ-တရုတ် အထူးထိပ်သီးညီလာခံမှာ ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်က အားယွန်ငင်းလို့ လူသိများတဲ့ သောင်ခုံဆီကို ဦးတည်နေတဲ့ ကုန်စည်ဖြန့်ဖြူးရေးလှေတွေကို တရုတ် ကမ်းရိုးတန်းစောင့်တပ်က ရေယာဉ် ၃ စီးက ပိတ်ဆို့ပြီး ရေအမြောက်တွေနဲ့ ပက်ခဲ့တဲ့ လုပ်ရပ်အပေါ် အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ဖိလစ်ပိုင်အစိုးရက ပြစ်တင်ရှုတ်ချခဲ့တာပါ။

တရုတ်ပြည်မကြီးအစိုးရဟာ တောင်တရုတ်ပင်လယ်တခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားလို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားနဲ့ ထိုင်ဝမ်တို့နဲ့ ပိုင်နက်အငြင်းပွားနေပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှု မြင့်နေချိန်မှာ တရုတ်အစိုးရဟာ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံငယ်တွေကို အနိုင်ကျင့်မှာမဟုတ်ဘူးလို့ အာဆီယံခေါင်းဆောင်တွေကို ထိပ်သီးညီလာခံအတွင်းမှာ ပြောပါတယ်။

11 mins Ago

October 3, 2021

ဖိလစ်ပိုင်သမ္မတ ဒူတာတေး နိုင်ငံရေးမှ အနားယူ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဟာ နိုင်ငံရေးကနေ အနားယူပြီလို့ အောက်တိုဘာ ၂ ရက်က ပြောပါတယ်။

ဒူတာတေးဟာ သူ့ရဲ့ PDP လာဘန်ပါတီက သစ္စာခံ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ဒုသမ္မတအဖြစ် ဝင်အရွေးခံဖို့ မှတ်ပုံတင်ထားတဲ့ ခရစ်စတိုဖှာဘွန်းနဲ့အတူ ရှိစဉ်မှာ ခုလို ပြောလိုက်တာပါ။

ဒါကြောင့် သူ့နေရာကို သူ့သမီး ဆက်ခံနိုင်ဖို့ လမ်းရှင်းပေးနေတာဆိုတဲ့ ထင်မြင်ချက်တွေ မီးလောင်ရာလေပင့် ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတရာထူးကို ခြောက်နှစ်သက်တမ်း တကြိမ်သာ ထမ်းဆောင်ဖို့ အခြေခံဥပဒေက ပြဋ္ဌာန်းထားလို့ ဒူတာတေးဟာ အစက ဒုသမ္မတအဖြစ် ဝင်အရေးခံဖို့ မျှော်လင့်ထားကြတာပါ။

နိုင်ငံရေး လေ့လာသူတွေကတော့ ဒူတာတေးရဲ့သမီး ဆာရာဒူတာတေကာပီယိုက လာမယ့်နှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ဝင်ပြိုင်လာနိုင်တယ်လို့ အချိန်အတော်ကြာကတည်းက ခန့်မှန်းနေကြတာပါ။

သမီး ဒူတာတေကာပီယိုဟာ ဒါဗာအို မြို့တော်ဝန်အဖြစ် ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့ပြီး ၂၀၂၂ မှာ သားအဖ တယောက်သာ ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ သဘောတူထားလို့ လာမယ့်နှစ်မှာ ပိုမြင့်တဲ့ရာထူးအတွက် ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ အရင်လက ပြောခဲ့ပါတယ်။

အဖေ ဒူတာတေးရဲ့ လာမယ့်နှစ် ရွေးကောက်ပွဲမပြိုင်မယ့် ဆုံးဖြတ်ချက်ဟာ သမီးဖြစ်သူအတွက် လမ်းရှင်းပေးမှာပါ။

ကိုယ်စားလှယ်လောင်းတွေဟာ သောကြာနေ့ထိ မှတ်ပုံတင်ဖို့ အချိန်ရပြီး မှတ်ပုံတင်တာ ပြန်ရုပ်သိမ်းဖို့နဲ့ လူစားထိုးဖို့ကိုတော့ နိုဝင်ဘာ ၁၅ ရက်အထိ ခွင့်ပြုထားပါတယ်။

2 months Ago
Up