close

ဖိလစ်ပိုင်သမ္မတ ဒူတာတေး နိုင်ငံရေးမှ အနားယူ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဟာ နိုင်ငံရေးကနေ အနားယူပြီလို့ အောက်တိုဘာ ၂ ရက်က ပြောပါတယ်။

ဒူတာတေးဟာ သူ့ရဲ့ PDP လာဘန်ပါတီက သစ္စာခံ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ဒုသမ္မတအဖြစ် ဝင်အရွေးခံဖို့ မှတ်ပုံတင်ထားတဲ့ ခရစ်စတိုဖှာဘွန်းနဲ့အတူ ရှိစဉ်မှာ ခုလို ပြောလိုက်တာပါ။

ဒါကြောင့် သူ့နေရာကို သူ့သမီး ဆက်ခံနိုင်ဖို့ လမ်းရှင်းပေးနေတာဆိုတဲ့ ထင်မြင်ချက်တွေ မီးလောင်ရာလေပင့် ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတရာထူးကို ခြောက်နှစ်သက်တမ်း တကြိမ်သာ ထမ်းဆောင်ဖို့ အခြေခံဥပဒေက ပြဋ္ဌာန်းထားလို့ ဒူတာတေးဟာ အစက ဒုသမ္မတအဖြစ် ဝင်အရေးခံဖို့ မျှော်လင့်ထားကြတာပါ။

နိုင်ငံရေး လေ့လာသူတွေကတော့ ဒူတာတေးရဲ့သမီး ဆာရာဒူတာတေကာပီယိုက လာမယ့်နှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ဝင်ပြိုင်လာနိုင်တယ်လို့ အချိန်အတော်ကြာကတည်းက ခန့်မှန်းနေကြတာပါ။

သမီး ဒူတာတေကာပီယိုဟာ ဒါဗာအို မြို့တော်ဝန်အဖြစ် ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့ပြီး ၂၀၂၂ မှာ သားအဖ တယောက်သာ ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ သဘောတူထားလို့ လာမယ့်နှစ်မှာ ပိုမြင့်တဲ့ရာထူးအတွက် ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ အရင်လက ပြောခဲ့ပါတယ်။

အဖေ ဒူတာတေးရဲ့ လာမယ့်နှစ် ရွေးကောက်ပွဲမပြိုင်မယ့် ဆုံးဖြတ်ချက်ဟာ သမီးဖြစ်သူအတွက် လမ်းရှင်းပေးမှာပါ။

ကိုယ်စားလှယ်လောင်းတွေဟာ သောကြာနေ့ထိ မှတ်ပုံတင်ဖို့ အချိန်ရပြီး မှတ်ပုံတင်တာ ပြန်ရုပ်သိမ်းဖို့နဲ့ လူစားထိုးဖို့ကိုတော့ နိုဝင်ဘာ ၁၅ ရက်အထိ ခွင့်ပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up