close

ဖိုဒန်

close

March 29, 2023

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ပရီးမီးယားလိဂ်က ၂ ဦးသာပါဝင်

ကမ္ဘာ့တန်ဖိုအမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းမှာ အင်္ဂလန်ပရီးမီးယားလိဂ်က ကစားသမား ၂ ဦးသာပါဝင်ခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးအရတန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းကို Football Benchmark ကထုတ်ပြန်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ပေါင် ၁၇၆ သန်းနဲ့ တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။

အဲဒီနောက်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပေါင် ၁၄၅ သန်းနဲ့ ဒုတိယ၊ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ပေါင် ၁၃၃ သန်းနဲ့ တတိယနေရာတွေမှာရပ်တည်ခဲ့တာပါ။

သူတို့သုံးဦးရဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်က ဗင်နီဆီးယက်စ်က ပေါင် ၁၂၄ သန်း၊ မန်စီးတီးက ဖိုဒန်က ပေါင် ၁၂၂ သန်း၊ ဘိုင်ယန်က မူဆီယာလာက ပေါင် ၁၁၉ သန်း အသီးအသီး သတ်မှတ်ခံရပြီး အစဉ်လိုက်ရပ်တည်ပါတယ်။ 

အဲဒီနောက်မှာ ဘာစီလိုနာက ဂါဘီနဲ့ ပတ်ဒရီ၊ ရီးယဲလ်က ဗယ်ဗာဒီနဲ့ ချူအာမန်နီတို့က ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ထိပ်တန်း ၁၀ ဦး စာရင်း မှာပါဝင်ခဲ့တာဖြစ်ပါတယ်။

15 mins Ago

March 27, 2023

အူအတက် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် မန်စီးတီးတိုက်စစ်မှူး ဖိုဒန် လေးပတ်ခန့်အနားယူရမည်

အင်္ဂလန်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေစဉ်အတွင်း အူအတက်ခွဲစိတ်ခဲ့ရတဲ့ မန်စီးတီး တိုက်စစ် ကစားသမား ဖိုဒန်ဟာ လေးပတ်လောက် အနားယူရတော့မှာပါ။

ဖိုဒန်ဟာ အီတလီကို  ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ  ပွဲချိန် ၆၉ မိနစ်မှာ လူစားဝင်ကစားခဲ့ပေမဲ့ ပွဲချိန် ၈၁ မိနစ်မှာ ပြန်လည်လူစားလဲခံခဲ့ရပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ယူကရိန်းကို အနိုင်ရတဲ့ပွဲမှာလည်း ဖိုဒန်လွဲချော်ခဲ့ပြီး မန်စီးတီးရဲ့ပွဲစဉ် တွေကိုပါဆက်လက်လွဲချော်မှာဖြစ်ပါတယ်။

မန်စီးတီးဟာ ဧပြီလ ၁ ရက်မှာ လီဗာပူးနဲ့ ကစားရမှာပါ။ အဲဒီပွဲစဉ်ကို  ဖိုဒန် လွဲချော်မှဖြစ်ပြီး ဆောက်သမ်တန်၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ ပွဲတွေကိုပါ ဆက်ပြီးလွဲချော်ဖို့ရှိပါတယ်။

2 days Ago
Up