close

ဖောက်ခွဲတိုက်ခိုက်

close

November 13, 2022

မြောက်ဥက္ကလာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို  Attack Ranger Force ARF အဖွဲ့က နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ အဝေးထိန်းဗုံးခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ ရပ်ကွက်ရုံးထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေရှိနေချိန် ဗုံးက ရုံးတံခါးဝနား ကျသွားချိန်မှာပဲ အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။ 

ဗုံးကြောင့် (ည) ရပ်ကွက်ရုံး အဆောက်အအုံ ပျက်စီးမှု ရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ပေါက်ကွဲမှုဖြစ်ပြီးနောက်  စစ်ကား ၁ စီး၊ ရဲကား ၁ စီးနဲ့ ရပ်ကွက်ထဲ ကင်းလှည့်ခဲ့တယ်လို့ သိရပါတယ်။

(ည) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တချို့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဧည့်စာရင်း တိုင်‌စေတာနဲ့ ထောက်ခံစာ လုပ်ပေးတဲ့အခါ  ပြည်သူကို ခြိမ်းခြောက်တာ‌တွေ ရှိခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။ 

အောက်တိုဘာ ၃၁ ရက် နေ့ကလည်း မြောက်ဥက္ကလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တဖွဲ့က စစ်ကောင်စီ လက်ပါးစေရဲ့ နေအိမ်ကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

11 mins Ago

August 15, 2022

အီကွေဒေါတွင် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံး၊ ၂၆ ဦးထက်မနည်း ဒဏ်ရာရ

အီကွေဒေါနိုင်ငံ ဂွါယာကေးမြို့မှာ ဩဂုတ် ၁၄ ရက်က ဖောက်ခွဲတိုက်ခိုက်မှုအတွင်း လူ ၅ ယောက် သေဆုံးပြီး ၂၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ 

တစ်ဂွေရိုးနပ်စ် ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရတဲ့ ကူကာရာချာနဲ့ ဂျူနီယာတို့ လက်အောက်ခံ ဒေသခံ ၂ ယောက်ကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်မှုလို့ အီကွေဒေါ ပြည်ထဲရေးဝန်ကြီး ပက်ထရစ်စီယို ကာရဲလိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လမ်းပေါ်က ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး နောက်ထပ် ဓားစာခံ ၂ ယောက်လည်း ဆေးရုံပေါ်ရောက်မှ သေဆုံးခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း အိမ် ၈ အိမ်နဲ့ ကား ၂ စီးလည်း ပျက်စီးတယ်လို့ အီကွေဒေါ အမျိုးသား ဘေးအန္တရာယ်နဲ့ အရေးပေါ်စီမံရေးဌာနက အစီရင်ခံပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေနဲ့ ပတ်ဝန်းကျင်မှာ သံစတွေကို အာဏာပိုင်တွေက တွေ့ခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

3 months Ago
Up