အီကွေဒေါတွင် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံး၊ ၂၆ ဦးထက်မနည်း ဒဏ်ရာရ

အီကွေဒေါနိုင်ငံ ဂွါယာကေးမြို့မှာ ဩဂုတ် ၁၄ ရက်က ဖောက်ခွဲတိုက်ခိုက်မှုအတွင်း လူ ၅ ယောက် သေဆုံးပြီး ၂၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
တစ်ဂွေရိုးနပ်စ် ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရတဲ့ ကူကာရာချာနဲ့ ဂျူနီယာတို့ လက်အောက်ခံ ဒေသခံ ၂ ယောက်ကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်မှုလို့ အီကွေဒေါ ပြည်ထဲရေးဝန်ကြီး ပက်ထရစ်စီယို ကာရဲလိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လမ်းပေါ်က ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး နောက်ထပ် ဓားစာခံ ၂ ယောက်လည်း ဆေးရုံပေါ်ရောက်မှ သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း အိမ် ၈ အိမ်နဲ့ ကား ၂ စီးလည်း ပျက်စီးတယ်လို့ အီကွေဒေါ အမျိုးသား ဘေးအန္တရာယ်နဲ့ အရေးပေါ်စီမံရေးဌာနက အစီရင်ခံပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေနဲ့ ပတ်ဝန်းကျင်မှာ သံစတွေကို အာဏာပိုင်တွေက တွေ့ခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။