close

ဖောင်းပြင်မြို့နယ်

close

June 6, 2022

ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်အုပ်စု၊ ပုဂံတောင်ရွာရှိ ရွှေပုဂံကျောင်းတိုက်မှာ တပ်စွဲထားတဲ့  စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့အင်အား ၁၀၀ လောက်ကို  ဇွန် ၄ ရက် ည‌နေပိုင်းက  ဖောင်းပြင်(PDF) ပူးပေါင်းအဖွဲ့တွေသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါတယ်။

တိုက်ပွဲမှာ PDF တွေဘက်က တယောက်ကျဆုံး ၂ ယောက် မစိုးရိမ်ရဒဏ်ရာရခဲ့ကာ စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်က  အယောက် ၃၀ ကျော်ကျဆုံးပြီးအများအပြား ဒဏ်ရာရခဲ့တယ်လို့  ဖေါင်းပြင် PDF အဖွဲ့ကပြာပါတယ်။ 

ဖောင်းပြင်(PDF)တာဝန်ရှိသူတဦးက “သူတို့တပ်စွဲထားတဲ့ နေရာကို သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူစကစနဲ့ ပျူတွေက အကာအကွယ်ကောင်းတဲ့ ဘုန်းကြီးကျောင်းထဲကနေပြီးအပြင်းအထန်ခုခံကြတယ်။ ဖောင်းပြင်မြို့မရဲစခန်းကိုပါ ပစ်ခတ်ပြီး စစ်ကူမလာနိုင်ဖို့ ဟန့်တားထားပေမဲ့ ဖောင်းပြင်အခြေစိုက် ခြေမြန်တပ်ရင်းက စစ်ကူတွေ ငှက်ပျောတောရွာဘက်ကနေ ဝင်ရောက်တိုက်ခိုက်လာတဲ့အတွက် ရန်သူအင်အားပိုများလာပြီး စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ် " လို့ ပြောပါတယ်။

ဒီမနက်စစ်သား ၁၅ ယောက်လောက်က ကား၂ စီးနဲ့လာပြီးအလောင်းကောက်သွားပြီး ဘယ်မှာမြေမြှုပ်မယ်ဆိုတာ မသိရဘူးလို့ PDF အဖွဲ့က ဆိုပါတယ်။

ထိခိုက်ကျဆုံးစာရင်းတွေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်က ဖောင်းပြင် (PDF)စခန်းကိုဝင်စီးခဲ့တုန်းကလည်း တိုက်မိုင်းထိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်သား ၁၀ ယောက်လောက်သေဆုံးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

8 mins Ago

January 22, 2022

ဖောင်းပြင်မြို့နယ်တွင် ရဲစခန်း ၂ ခုကို PDF က ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာရှိတဲ့ ရဲစခန်း ၂ ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက  ဇန်နဝါရီ ၂၂ ရက် ဒီနေ့မနက်က ဝင်ရောက်စီးနင်းခဲ့ရာမှာ ရဲတချို့ ထွက်ပြေးသွားပြီး တချို့ အဖမ်းခံရတယ်လို့  သိရပါတယ်။

ဖောင်းပြင်မြို့နယ် ရေအောက်သောင်းရဲစခန်းနဲ့ မိုင်းတောင်းရဲစခန်းကို ဖောင်းပြင်PDFနဲ့ မြို့နယ်ပခဖ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဖောင်းပြင်မြို့နယ် ပခဖ တာဝန်ခံက  “အခုမနက် ၃ နာရီလောက်မှာ ဖောင်းပြင်မြို့နယ်ရှိတဲ့ ရဲစခန်း နှစ်ခုကို တပြိုင်င်တည်း ဝင်ရောက်စီးနင်းတယ်။ ရေအောက်သောင်းရဲစခန်းနဲ့ မိုင်းတောင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တယ်။ အဲဒီရှိတဲ့ ရဲအချို့ ထွက်ပြေးတယ်။ အရှင်မိတဲ့ရဲတွေ ပါတယ်။” လို့ ပြောပါတယ်။ 

အဆိုပါစီးနင်းတိုက်ခိုက်မှုမှာ အသေအပျောက်တော့ မသိရသေးပါဘူး။  မိုင်သောင်းရဲစခန်းက ရဲ ၂ ယောက်ဖမ်းဆီးခံရပြီး ရေအောက်သောင်းရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။

ဖောင်းပြင် ရဲစခန်းတွေ စီးနင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်တာမရှိသေးပါဘူး။

4 months Ago
Up