close

ဖောင်းပြင်မြို့နယ်တွင် ရဲစခန်း ၂ ခုကို PDF က ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာရှိတဲ့ ရဲစခန်း ၂ ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက  ဇန်နဝါရီ ၂၂ ရက် ဒီနေ့မနက်က ဝင်ရောက်စီးနင်းခဲ့ရာမှာ ရဲတချို့ ထွက်ပြေးသွားပြီး တချို့ အဖမ်းခံရတယ်လို့  သိရပါတယ်။

ဖောင်းပြင်မြို့နယ် ရေအောက်သောင်းရဲစခန်းနဲ့ မိုင်းတောင်းရဲစခန်းကို ဖောင်းပြင်PDFနဲ့ မြို့နယ်ပခဖ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဖောင်းပြင်မြို့နယ် ပခဖ တာဝန်ခံက  “အခုမနက် ၃ နာရီလောက်မှာ ဖောင်းပြင်မြို့နယ်ရှိတဲ့ ရဲစခန်း နှစ်ခုကို တပြိုင်င်တည်း ဝင်ရောက်စီးနင်းတယ်။ ရေအောက်သောင်းရဲစခန်းနဲ့ မိုင်းတောင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တယ်။ အဲဒီရှိတဲ့ ရဲအချို့ ထွက်ပြေးတယ်။ အရှင်မိတဲ့ရဲတွေ ပါတယ်။” လို့ ပြောပါတယ်။ 

အဆိုပါစီးနင်းတိုက်ခိုက်မှုမှာ အသေအပျောက်တော့ မသိရသေးပါဘူး။  မိုင်သောင်းရဲစခန်းက ရဲ ၂ ယောက်ဖမ်းဆီးခံရပြီး ရေအောက်သောင်းရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။

ဖောင်းပြင် ရဲစခန်းတွေ စီးနင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်တာမရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up