close

ဗိုလ်တထောင်မြို့နယ်

close

December 27, 2022

ဗိုလ်တထောင် ၄၄ လမ်း၌ ဖမ်းဆီးခံရသည့် လူငယ် ၇ ဦးကို စစ်ကောင်စီက ထောင်ချ

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၆ ရပ်ကွက်၊ ၄၄ လမ်းမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၀ ရက်က စစ်ကောင်စီတပ် ဖမ်းဆီးခံရတဲ့ လူငယ် ၇ ဦးကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဗိုလ်တထောင်မြို့နယ်၊ ၆ ရပ်ကွက်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုရဲ့ လေးလွှာမှာ ဖမ်းဆီးခံရတဲ့ လူငယ်သုံးဦးနဲ့ ထပ်မံဖမ်းဆီးရမိသူ လူငယ်လေးဦးကို ပုဒ်မ ၃၊ ပုဒ်မ ၅၊ ပုဒ်မ ၆ တို့နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ၇ ယောက်ထဲမှာ ၆ ယောက်က ထောင်ဒဏ် ၁၂ နှစ်၊ တက္ကစီယာဥ်မောင်းကို ထောင် ၇ နှစ် ချလိုက်တာ။”

အင်းစိန်အကျဉ်းထောင်ရှိ ဗိုလ်တထောင်ခရိုင်တရားရုံးကနေ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မှာ ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်၊ ကိုဝေယံထက်၊ ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်နဲ့ မပိုးကျော်‌ကျော်ခန့်တို့ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး တက္ကစီယာဉ်မောင်းကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက်က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခန်းရဲ့ လေးလွှာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ လူငယ် ငါးဦး တိုက်ပေါ်က ခုန်ချခဲ့လို့ နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ကျန်သူတွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

13 hours Ago

October 1, 2021

အောင်ဘာလေထီ ကျပ်သိန်း ၅၀၀၀ ဆုကို ဗိုလ်တထောင်မြို့နယ်နေသူ ရရှိ

စစ်ကောင်စီက ဒီနေ့ဖွင့်လှစ်တဲ့ အောင်ဘာလေထီအမြင့်ဆုံးကျပ်သိန်း ၅၀၀၀ ဆုအား အေးငြိမ်းချမ်းသာထီဆိုင်ကရောင်းချခဲ့ပြီး ဗိုလ်တထောင်မြို့နယ်နေ အမျိုးသားတစ်ဦးက ရရှိသွားတယ်လို့ သိရပါတယ်။ 

ပြည်သူအများစုက အောင်ဘာလေထီကို အာဏာဖီဆန်ရေးလူပ်ရှားမူပြုလုပ်ပြီး ဆန့်ကျင်ထားချိန်မှာ ထီရောင်းသူနဲ့ထီဆုဆွတ်ခူးသူစာရင်း ထွက်ပေါ်လာတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်ရောင်းတဲ့ ထီဆိုင်တွေနဲ့ထီ အမြင့်ဆုံးဆုပေါက်သူတွေဟာ လူသိခံခြင်းမရှိဘဲ သိုသိုသိပ်သိပ်သာနေလေ့ရှိခဲ့ပါတယ်။

ထီပေါက်သူရဲ့ ဓာတ်ပုံပါ ဒီနေ့ထွက်ပေါ်လာပေမယ့် သူ့ရဲ့မျက်နှာကိုစတေကာနဲ့ ဖုံးကွယ်ထားပါတယ်။ 

အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုကို ယခင်ကကျပ်သိန်းတစ်သောင်းခွဲပေးခဲ့ပေမယ့် စစ် အာဏာသိမ်းပြီးတဲ့နောက် ရောင်းအား ကျဆင်းသွားတာကြောင့် ကျပ်သိန်း ၅၀၀၀ သာပေးနိုင်တော့တာပါ။ 

ဒါ့အပြင် အခြားဆုမဲအရေအတွက် တစ်သိန်းလောက်ကိုလည်း လျှော့ချခဲ့ရပါတယ်။ 

ဒီနေ့မှာ NUG အစိုးရရဲ့ နွေဦးထီကလည်း ကံထူးသူ ရွေးချယ်ပေးခဲ့ပါတယ်။ နွေဦးထီကံထူးသူ ၇၅ ဦးရှိခဲ့ပြီး ၆၂ ဦးကတော့ ဆုငွေကိုရယူခြင်းမရှိဘဲ NUG အစိုးရမှတဆင့် CDM ဝန်ထမ်းတွေကို ပြန်လှူလိုက်ပါတယ်။

1 year Ago
Up