close

အောင်ဘာလေထီ ကျပ်သိန်း ၅၀၀၀ ဆုကို ဗိုလ်တထောင်မြို့နယ်နေသူ ရရှိ

စစ်ကောင်စီက ဒီနေ့ဖွင့်လှစ်တဲ့ အောင်ဘာလေထီအမြင့်ဆုံးကျပ်သိန်း ၅၀၀၀ ဆုအား အေးငြိမ်းချမ်းသာထီဆိုင်ကရောင်းချခဲ့ပြီး ဗိုလ်တထောင်မြို့နယ်နေ အမျိုးသားတစ်ဦးက ရရှိသွားတယ်လို့ သိရပါတယ်။ 

ပြည်သူအများစုက အောင်ဘာလေထီကို အာဏာဖီဆန်ရေးလူပ်ရှားမူပြုလုပ်ပြီး ဆန့်ကျင်ထားချိန်မှာ ထီရောင်းသူနဲ့ထီဆုဆွတ်ခူးသူစာရင်း ထွက်ပေါ်လာတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်ရောင်းတဲ့ ထီဆိုင်တွေနဲ့ထီ အမြင့်ဆုံးဆုပေါက်သူတွေဟာ လူသိခံခြင်းမရှိဘဲ သိုသိုသိပ်သိပ်သာနေလေ့ရှိခဲ့ပါတယ်။

ထီပေါက်သူရဲ့ ဓာတ်ပုံပါ ဒီနေ့ထွက်ပေါ်လာပေမယ့် သူ့ရဲ့မျက်နှာကိုစတေကာနဲ့ ဖုံးကွယ်ထားပါတယ်။ 

အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုကို ယခင်ကကျပ်သိန်းတစ်သောင်းခွဲပေးခဲ့ပေမယ့် စစ် အာဏာသိမ်းပြီးတဲ့နောက် ရောင်းအား ကျဆင်းသွားတာကြောင့် ကျပ်သိန်း ၅၀၀၀ သာပေးနိုင်တော့တာပါ။ 

ဒါ့အပြင် အခြားဆုမဲအရေအတွက် တစ်သိန်းလောက်ကိုလည်း လျှော့ချခဲ့ရပါတယ်။ 

ဒီနေ့မှာ NUG အစိုးရရဲ့ နွေဦးထီကလည်း ကံထူးသူ ရွေးချယ်ပေးခဲ့ပါတယ်။ နွေဦးထီကံထူးသူ ၇၅ ဦးရှိခဲ့ပြီး ၆၂ ဦးကတော့ ဆုငွေကိုရယူခြင်းမရှိဘဲ NUG အစိုးရမှတဆင့် CDM ဝန်ထမ်းတွေကို ပြန်လှူလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up