close

ဗီလာ

close

January 20, 2023

ဒမ်နီအင့်စ်နေရာအတွက် လိုင်ယွန်က ဒမ်ဘီလီနှင့် အစားထိုးရန် ဗီလာအသင်းပြင်ဆင်

အက်စတွန်ဗီလာအသင်းဟာ ဝက်စ်ဟမ်းအသင်းဆီရောင်းချလိုက်တဲ့ တိုက်စစ်မှူး ဒမ်နီအင့်စ်နေရာမှာ  လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီနဲ့ အစားထိုးဖို့ ကြိုးပမ်းနေပါတယ်။

အင်္ဂလန်တိုက်စစ်မှူးအင့်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားတာပါ။

အသက်၂၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီဟာ လက်ရှိဘောလုံးရာသီမှာ လိုင်ယွန်အတွက် ၂ ဂိုးသာ သွင်းထားပေမဲ့ ပြီးခဲ့တဲ့ရာသီက ၂၁ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။

အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဒမ်ဘီလီကို ရရှိနိုင်တဲ့ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ လိုင်ယွန်အသင်းက ပြင်ဆင်ထားပါတယ်။

ဖူဟမ်အသင်းမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိကစားခဲ့ဖူးတဲ့ ဒမ်ဘီလီကို အဲဗာတန်အသင်းကလည်း အက်စတွန်ဗီလာနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ 

13 mins Ago

November 5, 2022

ဗီလာနှင့်အတူ ဆုဖလားရယူနိုင်ရန် နည်းပြသစ် အမ်မရီ ရည်မှန်း

အက်စတွန်ဗီလာအသင်းနဲ့အတူ ဆုဖလားတစ်လုံးရယူနိုင်ဖို့ရည်မှန်းထားကြောင်း နည်းပြသစ် အူနိုင်းအမ်မရီကပြောပါတယ်။

ဆီဗီလာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ် အစရှိတဲ့ထိပ်တန်းအသင်းတွေကို တာဝန်ယူခဲ့တဲ့ စပိန်းနည်းပြဟာ ဗီလာရီးရဲလ်ကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး အင်္ဂလန်ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာတာပါ။

မီဒီယာတွေနဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာတော့ ဗီလာ အသင်းကို ဆုဖလားတစ်လုံးရယူပေးနိုင်ဖို့ ရည်မှန်းထားကြောင်း၊ ဒုတိယရည်မှန်းချက်က ဥရောပွဲစဉ် တွေ ကစားခွင့်ရဖို့ဖြစ်ကြောင်း နည်းပြအမ်မရီကပြောပါတယ်။

ဗီလာအသင်းရဲ့ ခမ်းနားကြီးကျယ်တဲ့ အစီအစဉ်တွေကို နှစ်သက်တာကြောင့် ပြောင်းရွှေ့လာတာဖြစ်ပြီး အသင်းကိုတစ်ဆင့်ချင်းစီတိုးတက် လာအောင် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ကြောင်း နည်းပြအမ်မရီကပြောပါတယ်။

အူနိုင်းအမ်မရီဟာ ဗီလာနည်းပြဘဝပထမဆုံးပွဲစဉ်အနေနဲ့ တနင်္ဂနွေနေ့မှာ မန်ယူအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

3 months Ago
Up