ဗီလာနှင့်အတူ ဆုဖလားရယူနိုင်ရန် နည်းပြသစ် အမ်မရီ ရည်မှန်း

အက်စတွန်ဗီလာအသင်းနဲ့အတူ ဆုဖလားတစ်လုံးရယူနိုင်ဖို့ရည်မှန်းထားကြောင်း နည်းပြသစ် အူနိုင်းအမ်မရီကပြောပါတယ်။
ဆီဗီလာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ် အစရှိတဲ့ထိပ်တန်းအသင်းတွေကို တာဝန်ယူခဲ့တဲ့ စပိန်းနည်းပြဟာ ဗီလာရီးရဲလ်ကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး အင်္ဂလန်ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာတာပါ။
မီဒီယာတွေနဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာတော့ ဗီလာ အသင်းကို ဆုဖလားတစ်လုံးရယူပေးနိုင်ဖို့ ရည်မှန်းထားကြောင်း၊ ဒုတိယရည်မှန်းချက်က ဥရောပွဲစဉ် တွေ ကစားခွင့်ရဖို့ဖြစ်ကြောင်း နည်းပြအမ်မရီကပြောပါတယ်။
ဗီလာအသင်းရဲ့ ခမ်းနားကြီးကျယ်တဲ့ အစီအစဉ်တွေကို နှစ်သက်တာကြောင့် ပြောင်းရွှေ့လာတာဖြစ်ပြီး အသင်းကိုတစ်ဆင့်ချင်းစီတိုးတက် လာအောင် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ကြောင်း နည်းပြအမ်မရီကပြောပါတယ်။
အူနိုင်းအမ်မရီဟာ ဗီလာနည်းပြဘဝပထမဆုံးပွဲစဉ်အနေနဲ့ တနင်္ဂနွေနေ့မှာ မန်ယူအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။