အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်ရှိ တက္ကသိုလ် ၂ ခုက အဆောက်အအုံအတော်များများမှာ ဗုံးတွေ ချထားတယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေရအပြီး နိုဝင်ဘာ ၇ ရက်က တက္ကသိုလ်ပရဝုဏ် အစိတ်အပိုင်းတွေက လူတွေ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ ရပါတယ်။
နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ကျောင်းသားအယောက် ၃၁၀၀၀ ရှိပြီး ဗုံးခြိမ်းခြောက်မှုကြောင့် အဆောက်အအုံ ၃ ခုကနေ လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ကိုလံဘီယာ စပက်တေတာ ကျောင်းသား သတင်းစာက ဖော်ပြပါတယ်။
နယူးယောက်ရဲဌာနက စုံစမ်းစစ်ဆေးဖို့ တက္ကသိုလ်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ အကြံပြုစာ တွေ ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။
ခြိမ်းခြောက်မှုကို ရဲတွေက ယုံနိုင်စရာ မရှိဘူးလို့ ယူဆခဲ့သလို စစ်ဆေးအပြီးမှာ အဆောက်အအုံ တွေကို ရှင်းလင်းခဲ့ပြီး ပြန်သုံးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
ကောနဲလ်တက္ကသိုလ်ထဲက အဆောက်အအုံတွေထဲမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတိပေးချက်ကို ဒေသခံ ရဲတွေက လက်ခံ ရရှိခဲ့အပြီး ကျောင်းသားတွေ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ ဥပဒေဌာန ဂေါ့ဒ်ဝင်း စမစ်၊ အပ်ဆွန် ခန်းမနဲ့ ကနေဒီခန်းမတွေအပြင် ဗဟို ပရဝုဏ်ကိုပါ ချက်ချင်းရှောင်ကြဖို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်ကလည်း ယေးလ်တက္ကသိုလ်ဟာလည်း ဗုံးခြိမ်းခြောက်မှု လက်ခံရရှိခဲ့ပြီး နောက်ပိုင်းမှာ တော့ မယုံရကြောင်း တွေ့ခဲ့ကြပါတယ်။
ရန်ကုန်၊ ကြည့်မြင့်တိုင် ထီးတန်းဈေးအနီးက စစ်တပ်ပိုင်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီနားမှာ စက်တင်ဘာ ၂၀ ရက်နေ့က ဗုံးလန့်ခဲ့တာကြောင့် စစ်ကားငါးစီးနဲ့ အင်အားအများ အပြားရောက်လာပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးသွားပါတယ်။
မျက်မြင်တွေ့ရှိသူတစ်ဦးက “မနက်က စစ်ကားတွေ ဆီလာထည့်တာလား၊ ရိက္ခာလာသည်တာလားမသိဘူး၊ လာတော့ ဘယ်သူက သတင်းပေးလိုက်တယ်မသိဘူး၊ ဗုံးတွေ့တယ်ဆိုပြီး မကြာပါဘူး စစ်သားအင်အားအလုံးအရင်းနဲ့ ရောက်လာတော့တာပဲ။ ဗုံးတော့မတွေ့ဘူး မတွေ့တော့ အဲ့နားမှာလမ်းပိတ်ပြီး စစ်ဆေးရေးလုပ်တယ်။ လူငယ်ကောင်လေးနှစ်ယောက် အဲ့နားက ဖြတ်လျောက်သွားတာ ကျောပိုးအိတ်နဲ့ အင်္ကျီကလည်း အနက်ဝတ်ထားတော့ နှစ်ယောက်လုံး ဖမ်းခေါ်သွားတယ်” လို့ ဆိုပါတယ်။
ခုလို ဗုံးလန့်မှုတွေ ရန်ကုန်မှာ မကြာခဏဖြစ်ပေါ်နေပြီးတော့ သံသယရှိတဲ့ လူငယ်တွေကိုလည်း စစ်ကောင်စီက အစစ်ဆေးအမေးမြန်းမရှိဘဲ ဖမ်းဆီးနေတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ထောက်ခံသူတွေက သူတို့နဲ့ မတည့်တဲ့သူတွေကို PDF လုပ်နေတယ်ဆိုပြီး မဟုတ်မမှန်သတင်းပေးတာတွေကြောင့် လူငယ်တွေ ဖမ်းဆီးခံရတာလည်း ရှိနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။