close

ကြည့်မြင်တိုင် ဦးပိုင်ကုမ္ပဏီအနီး ဗုံးလန့်၊ လူငယ် ၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ကြည့်မြင့်တိုင် ထီးတန်းဈေးအနီးက စစ်တပ်ပိုင်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီနားမှာ စက်တင်ဘာ ၂၀ ရက်နေ့က ဗုံးလန့်ခဲ့တာကြောင့် စစ်ကားငါးစီးနဲ့ အင်အားအများ အပြားရောက်လာပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးသွားပါတယ်။

မျက်မြင်တွေ့ရှိသူတစ်ဦးက “မနက်က စစ်ကားတွေ ဆီလာထည့်တာလား၊ ရိက္ခာလာသည်တာလားမသိဘူး၊ လာတော့ ဘယ်သူက သတင်းပေးလိုက်တယ်မသိဘူး၊ ဗုံးတွေ့တယ်ဆိုပြီး မကြာပါဘူး စစ်သားအင်အားအလုံးအရင်းနဲ့ ရောက်လာတော့တာပဲ။ ဗုံးတော့မတွေ့ဘူး မတွေ့တော့ အဲ့နားမှာလမ်းပိတ်ပြီး စစ်ဆေးရေးလုပ်တယ်။ လူငယ်ကောင်လေးနှစ်ယောက် အဲ့နားက ဖြတ်လျောက်သွားတာ ကျောပိုးအိတ်နဲ့ အင်္ကျီကလည်း အနက်ဝတ်ထားတော့ နှစ်ယောက်လုံး ဖမ်းခေါ်သွားတယ်” လို့ ဆိုပါတယ်။

ခုလို ဗုံးလန့်မှုတွေ ရန်ကုန်မှာ မကြာခဏဖြစ်ပေါ်နေပြီးတော့ သံသယရှိတဲ့ လူငယ်တွေကိုလည်း စစ်ကောင်စီက အစစ်ဆေးအမေးမြန်းမရှိဘဲ ဖမ်းဆီးနေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ထောက်ခံသူတွေက သူတို့နဲ့ မတည့်တဲ့သူတွေကို PDF လုပ်နေတယ်ဆိုပြီး မဟုတ်မမှန်သတင်းပေးတာတွေကြောင့် လူငယ်တွေ ဖမ်းဆီးခံရတာလည်း ရှိနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up