close

ဗြိတိန်ပါလီမန်

close

March 3, 2022

ဗြိတိန်ပါလီမန်တွင် ယူကရိန်းသံအမတ်ကြီးကို ဂုဏ်ပြု

ဗြိတိန်အောက်လွှတ်တော်မှာ မတ်လ ၂ ရက်က ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကို ဝန်ကြီးချုပ်နဲ့ အမတ်တွေက မတ်တပ်ရပ် ချီးကျူးအားပေး ထောက်ခံခဲ့ပါတယ်။

လွှတ်တော်မှာ ဝန်ကြီးချုပ်ရဲ့ အမေးအဖြေကဏ္ဍ စတင်ခါနီး ယူကရိန်းသံအမတ်ကြီးကို အမတ်တွေအားလုံး ဂုဏ်ပြုခဲ့တာပါ။

ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလီယံနာ ရိုမန်အေဘရာမိုဗစ်ချ်ကို စီးပွားရေးအရ အရေးယူမှုတွေ လုပ်မလားဆိုတဲ့ လေဘာပါတီခေါင်းဆောင်ရဲ့ မေးခွန်းကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားပြီး ဖြစ်တဲ့အတွက် ပြောနေစရာမလိုအောင် အသက်ဝင်သွားပါပြီလို့ ဖြေခဲ့ပါတယ်။

ဂျွန်ဆင်က ပုဂ္ဂိုလ်ရေးဆိုင်ရာကို သူ မပြောလိုကြောင်း၊ သို့သော် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ ပူတင်အနေနဲ့ စစ်ရာဇဝတ်မှု မြောက်သွားပြီဖြစ်ကြောင်း ပြောပါတယ်။

4 mins Ago

October 5, 2019

ဗြိတိန်ပါလီမန်အတွင်း ချင်ပန်ဇီများ ဝင်ထိုင်နေပုံ ပန်းချီကား ဒေါ်လာ ၁၂ သန်းကျော်ဖြင့် လေလံ အောင်

ဗြိတိန်ပါလီမန်အတွင်း ချင်ပန်ဇီတွေ ဝင်ထိုင်နေပုံကို သရုပ်ဖော်ထားတဲ့ ဘန်စကီ ပန်းချီကားဟာ   အောက်တိုဘာ ၃ ရက်က လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၁၂ သန်းကျော်နဲ့ စံချိန်တင် ရောင်းချခဲ့ရပါတယ်။   အဲဒီပန်းချီကားကို  ဗြိတိန်လမ်းဘေးပန်းချီဆရာတဦးက ရေးဆွဲခဲ့ပြီး ပန်းချီကားနာမည်က “နိမ့်ကျသွားတဲ့ပါလီမန်” လို့ ခေါ်ပါတယ်။    လေလံပွဲက အဲဒီပန်းချီကားကို  ပေါင်ငွေ ၁ ဒသမ ၅ သန်းနဲ့ ၂ သန်းကြားရမယ်  ကြိုခန့်မှန်းပြီး ၁၃ မိနစ် ကြာ လေလံအပြိုင်ပေးပြီးနောက်မှာ ပေါင်ငွေ  ၈ ဒသမ ၅ သန်းနဲ့ ရောင်းချခဲ့တာပါ။    လေလံပွဲ စရိတ်စကတွေ ထည့်ပေါင်းပြီးနောက်မှာတော့ ပန်းချီကားတန်ဖိုးဟာ  ပေါင်ငွေ ၉ ဒသမ ၈ သန်း (အမေရိကန် ဒေါ်လာငွေ နဲ့ ၁၂ ဒသမ ၂ သန်း) ရှိခဲ့ပါတယ်။  “နိမ့်ကျသွားတဲ့ပါလီမန်” လို့ အမည်ပေးထားတဲ့ အဲဒီပန်းချီကားကို ၂၀၀၉ ခုနှစ်မှာ ရေးဆွဲခဲ့ပေမယ့်လည်း အစီအစဉ် တင်ဆက်သူ အတော်များများက  ပန်းချီကားကို မျက်မှောက်ခေတ် နိုင်ငံရေးနဲ့ နှိုင်းယှဉ်ဖော်ပြကြပါတယ်။  အဲဒါကတော့ အီးယူကနေ ဗြိတိန်နုတ်ထွက်ဖို့အရေး ဗြိတိန်အောက်လွှတ်တော်မှာ  အခြေအတင် ငြင်းခုံနေကြတဲ့ နိုင်ငံရေးဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago
Up