close

ဗြိတိန်ပါလီမန်တွင် ယူကရိန်းသံအမတ်ကြီးကို ဂုဏ်ပြု

ဗြိတိန်အောက်လွှတ်တော်မှာ မတ်လ ၂ ရက်က ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကို ဝန်ကြီးချုပ်နဲ့ အမတ်တွေက မတ်တပ်ရပ် ချီးကျူးအားပေး ထောက်ခံခဲ့ပါတယ်။

လွှတ်တော်မှာ ဝန်ကြီးချုပ်ရဲ့ အမေးအဖြေကဏ္ဍ စတင်ခါနီး ယူကရိန်းသံအမတ်ကြီးကို အမတ်တွေအားလုံး ဂုဏ်ပြုခဲ့တာပါ။

ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလီယံနာ ရိုမန်အေဘရာမိုဗစ်ချ်ကို စီးပွားရေးအရ အရေးယူမှုတွေ လုပ်မလားဆိုတဲ့ လေဘာပါတီခေါင်းဆောင်ရဲ့ မေးခွန်းကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားပြီး ဖြစ်တဲ့အတွက် ပြောနေစရာမလိုအောင် အသက်ဝင်သွားပါပြီလို့ ဖြေခဲ့ပါတယ်။

ဂျွန်ဆင်က ပုဂ္ဂိုလ်ရေးဆိုင်ရာကို သူ မပြောလိုကြောင်း၊ သို့သော် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ ပူတင်အနေနဲ့ စစ်ရာဇဝတ်မှု မြောက်သွားပြီဖြစ်ကြောင်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up