close

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်

close

September 13, 2022

ရုရှား၊ ဘယ်လာရုစ်နှင့် မြန်မာတို့ကို ဘုရင်မကြီး အဲလိဇဘက်၏ဈာပန ဖိတ်ကြားခြင်းမရှိ

လာမယ့် စက်တင်ဘာ ၁၉ ရက် မနက် ၁၁ နာရီ ကျင်းပမယ့် အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက် ၂ ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ဖို့ ရုရှား၊ ဘယ်လာရုစ်နဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ သိရပါတယ်။ 

အီရန်နိုင်ငံကတော့ ကိုယ်စားပြု သံအမတ်သာ တက်ရောက်ခွင့်ရှိမယ်လို့ ဆိုပါတယ်။ 

တော်ဝင်ခရစ်ယာန် ဘုရားရှိခိုကျောင်း ဝက်စ်မင်စတာအက်ဘေမှာ ကျင်းပမယ့် ဈာပန အခမ်းအနားကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် တကမ္ဘာလုံးက ခေါင်းဆောင်ပေါင်း ၅၀၀ လောက် တက်ရောက်ကာ အရိုအသေပေးကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလောက်ကြီးတဲ့ နိုင်ငံတကာအခမ်းအနားမျိုး ဝက်စ်မင်စတာမှာ မကျင်းပဖြစ်တာ ဆယ်စုနှစ်တွေနဲ့ ချီကြာနေပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ရက်ပိုင်းအတွင်း ရာနဲ့ချီတဲ့နိုင်ငံတွေက ရောက်လာကြမယ့် ခေါင်းဆောင်တွေအတွက် ပို့ဆောင်ရေးနဲ့ လုံခြုံရေးအတွက်လည်း အကြီးအကျယ်စီစဉ်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ပိတ်ရက် (စနေတနင်္ဂနွေ) အတွင်းမှာ ယူကေနဲ့ နိုင်ငံရေးအဆက်အသွယ်ရှိနေတဲ့ နိုင်ငံတွေအားလုံးကို ဈာပနအခမ်းအနားအတွက် ဖိတ်ကြားစာတွေ ပို့ဆောင်ခဲ့ပြီး နိုင်ငံအတော်များများက ခေါင်းဆောင်တွေအနေနဲ့ ပွဲတက်ဧည့်သည်တယောက်ကို အတူခေါ်ဆောင်လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ထူးခြားချက်အနေနဲ့ ရုရှားက ဗလာဒီမယာပူတင်၊ သူ့ရဲ့ မဟာမိတ် ဘယ်လာရုစ်က အလက်ဇန္ဒားလူကာရှန်ကိုနဲ့ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေကိုတော့ ဈာပနပွဲတက်ရောက်ဖို့ ဖိတ်ကြားခြင်းမရှိခဲ့ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျဆင်ဒါအာဒန်းက ၂၄ နာရီကြာအောင် ခရီးဝေးက လာရမှာဖြစ်ပေမယ့် အခမ်းအနားတက်ရောက်ဖို့ အတည်ပြုထားသလို ဓနသဟာယနိုင်ငံတွေက ခေါင်းဆောင်အတော်များများ လာရောက်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ တူရကီနဲ့ ဘရာဇီး သမ္မတတို့က အခမ်းအနားတက်ရောက်ဖို့ အတည်ပြုထားပြီးဖြစ်သလို ကနေဒါနဲ့ ဩစတြေးလျဝန်ကြီးချုပ်တို့ကလည်း အခမ်းအနားတက်ရောက်ဖို့ အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။ 

ဥရောကကော်မရှင် ဥက္ကဋ္ဌ၊ စပိန်ဘုရင်နဲ့ ဘုရင်မတို့လည်း အခမ်းအနား တက်ရောက်ကြမှာဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ထုတ်နေရတဲ့ ယူကရိန်းသမ္မတ ဗလာဒီမယာဇလန်းစကီးကတော့ အခမ်းအနားတက်ရောက်နိုင်မယ်မထင်ဘူးလို့ ဆိုပါတယ်။ 

ဒါ့ပေမယ့် ဇလန်းစကီးဟာ ဘုရင်မကြီးအတွက် ဝမ်းနည်းကြောင်း အမှတ်တရစာအုပ်မှာတော့ အချိန်ပေးပြီး လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဘုရင်မကြီးရဲ့ ဈာပနတက်ရောက်ဖို့လာကြမယ့် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေကို ပုဂ္ဂလိကလေယာဉ်တွေနဲ့သာ လန်ဒန်ကိုလာကြဖို့နဲ့ လေဆိပ်ကနေ အခမ်းအနားကျင်းပမယ့် ဝက်စ်မင်စတာအက်ဘေ ဘုရားကျောင်းကို ဘတ်စ်ကားတွေနဲ့ သွားကြိုပေးမယ်လို့ သတင်းထွက်နေတဲ့အပေါ် အတည်ပြုဖို့ မေးမြန်းရာမှာတော့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

8 mins Ago

June 3, 2022

ဗြိတိန်ဘုရင်မကြီး နန်းသက် ၇၀ ပြည့်အထိမ်းအမှတ်ပွဲ ဆင်နွှဲနေ

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်ဟာ ဇွန် ၂ ရက်က ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်မှာ စုပြုံရောက်ရှိနေတဲ့ လူစုလူဝေးကြီးကို လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး ဗြိတိန်ထီးနန်းဆက်ခံခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲတွေကို စတင်ဆင်နွှဲခဲ့ပါတယ်။

ဘုရင်မကြီးဟာ ညဘက်မှာ သူ့ရဲ့ ဝင်ဆာရဲတိုက်နေအိမ်မှာ ပလက်တီနမ်ဂျူဗလီရဲ့ အဓိကပင်မ မီးရှူးကို စတင်ထွန်းညှိလိုက်ပါတယ်။

ဗြိတိန်နဲ့ ကမ္ဘာတဝန်းရှိ သန်းနဲ့ချီတဲ့လူတွေဟာ အသက် ၉၆ နှစ်အရွယ် ဘုရင်မကြီးကို ဂုဏ်ပြုကျင်းပတဲ့ ပွဲတော်တွေမှာ ပါဝင်ဆင်နွှဲကြဖို့ အားခဲထားကြပြီး ဗြိတိန်တဝန်းနဲ့ ဓနသဟာယနိုင်ငံတွေရဲ့ မြို့ပေါင်း ၂,၀၀၀ ကျော်မှာ မီးရှူးမီးပန်းတွေ ထွန်းညှိခဲ့ကြပါတယ်။

ဗြိတိန်ထီးနန်းရဲ့ စံချိန်တင် နန်းစံသက်တမ်း နှစ် ၇၀ ပြည့်အောင်ပွဲအတွက် လေးရက်ကြာ ဖျော်ဖြေပွဲတွေ၊ ပါတီတွေနဲ့ ချီတက်ပွဲတွေကို ဇွန် ၂ ရက်က စတင်ကျင်းပခဲ့ပါတယ်။

ပွဲတော်အစနေ့မှာပဲ တော်ဝင်ထောက်ခံသူ ထောင်ပေါင်းများစွာဟာ လန်ဒန်မြို့ရဲ့ လမ်းတွေတလျှောက်မှာ အလံတွေဝှေ့ယမ်းပြီး စစ်ရေးပြချီတက်ပွဲကို စီတန်းကြည့်ရှုကြပါတယ်။ မီးရှူးမီးပန်းတွေ လင်းထိန်နေပြီး ကောင်းကင်ယံမှာလည်း မီးရှူးမီးပန်းတွေ ပြည့်နှက်နေပါတယ်။ ဗြိတိန်နိုင်ငံတဝန်းမှာ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲနေကြပါတယ်။

နန်းသက် နှစ် ၇၀ ကို ဂုဏ်ပြုတဲ့အနေနဲ့ လန်ဒန်မြို့ရှိ စိန့်ပေါလ် ကက်သီဒရယ် ဘုရားကျောင်းမှာလည်း နိုင်ငံတော်ရဲ့ ကျေးဇူးတော်နေ့ ဝတ်ပြုပွဲတွေ ဆက်လက်ကျင်းပခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘုရင်မကြီးဟာ အထိုင်အထ အလှုပ်အရှား သွားလာရခက်ခဲတဲ့အတွက် မကြာသေးခင်ကပဲ ပွဲတွေတက်ရောက်တာကို ဖျက်သိမ်းထားပြီး ဇွန် ၂ ရက် နှောင်းပိုင်းကစလို့ လူမြင်ကွင်းကနေ အနားယူမယ်လို့ ဆိုပါတယ်။

ဘုရင်မကြီး အဲလစ်ဇဘက်ဟာ ထီးနန်းဆက်ခံသူအားလုံးထက် အချိန်ကြာမြင့်စွာ ထီးနန်းစိုးစံခဲ့ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ တတိယမြောက် နန်းသက်အရှည်ဆုံး ဘုရင်တပါးလည်း ဖြစ်ပါတယ်။

3 months Ago
Up