ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရိရှိဆူနတ်ခ်ဟာ အောက်တိုဘာ ၂၂ ရက်မှာ မြို့တော်လန်ဒန်က သူ့အိမ်ကနေ ထွက်လာချိန်မှာ ဗြိတိသျှဝန်ကြီးချုပ်ဖြစ်လာဖို့ မျှော်မှန်းထားတဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်း ပန်နီမောဒေါင့်၊ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆူနတ်ခ်နဲ့ ၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်တို့ဟာ ရာထူးကနုတ်ထွက်သွားတဲ့ လစ်ဇ်ထရပ်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာရှိတဲ့ ထိပ်တန်းပြိုင်ဘက်တွေဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဖြစ်လာဖို့ ကိုယ်စားလှယ်လောင်းတွေက ထောက်ခံမဲ ပေးနေကြပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်အပြီး နောက်ဆုံးခေါင်းဆောင်မှု ပြိုင်ပွဲမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူနတ်ခ်က စာရင်းသွင်းသူတွေရဲ့ အနှစ်သက်ဆုံးဖြစ်ပြီး ဂျွန်ဆင်က ဆူနတ်ခ်ရဲ့ နောက်မှာပါ။ မောဒေါင့်က တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်က တာဝန်ထမ်းဆောင်ချိန် ခြောက်ပတ်အကြာမှာ ရာထူးကနေ နုတ်ထွက်မယ်လို့ အောက်တိုဘာ ၂၀ ရက်မှာ ပြောခဲ့လို့ ရင်းနှီးမြုပ်နှံသူတွေ ယုံကြည်မှု ကျိုးပျက်ခဲ့ပြီး သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီထဲမှာ ဒေါသထွက်ခဲ့ကြပါတယ်။
ကွန်ဆာဗေးတစ် ပါတီဝင်တွေက လာမယ့်ရွေးကောက်ပွဲမှာ သဘောထား ကွဲလွဲမှုတွေနဲ့ ရင်ဆိုင်နေရလို့ ခြောက်နှစ်အတွင်း ပဉ္စမမြောက် ဗြိတိန်ဝန်ကြီးချုပ် ရွေးကောက်ပွဲ ဖြစ်လာဖို့ အလားအလာရှိနေပါတယ်။ အနိုင်ရရှိသူကို အောက်တိုဘာ ၂၄ ရက်မှာဖြစ်စေ အောက်တိုဘာ ၂၈ မှာ ဖြစ်စေ ကြေညာမှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ရာထူးကနေ နုတ်ထွက်တော့မယ့် ဝန်ကြီးချုပ် ဂျွန်ဆင်နေရာမှာ ဘယ်သူ ဆက်ခံမလဲ ဆိုတာ နဲ့ ပတ်သက်လို့ အာဏာရပါတီအတွင်းမှာ အပြိုင်အဆိုင် ဖြစ်လာနေပါတယ်။
ကျော်မကောင်းကြားမကောင်း ကိစ္စရပ်တွေ ပေါ်ပေါက်ပြီး နုတ်ထွက်တော့မယ့် ဝန်ကြီးချုပ် နေရာကို ဆက်ခံဖို့အတွက် ယှဉ်ပြိုင်မှုတွေ ဇူလိုင် ၁၇ ရက်က ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ အဆင့် ရောက်လာပါတယ်။
ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးချုပ်လောင်း ၅ ယောက်ဟာ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲမှာ နိုင်ငံကို ဘယ်လို ဦးဆောင်မလဲဆိုတာကို အချေအတင် ငြင်းခုံကြပါတယ်။
အခုအချိန်အထိ ဘယ်သူက အသာရမလဲဆိုတာ ခန့်မှန်းရခက်နေပါသေးတယ်။
ဝန်ကြီးချုပ် လောင်းလျာတွေထဲမှာ တန်းတူညီမျှရေး ဝန်ကြီး ခါမီ ဘာဒင်နော့ချ်၊ လွှတ်တော်အမတ် တွမ် တူဂန်ထာ့ဒ်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရာရှီး ဆူနာ့ခ်တို့လည်း ပါဝင်နေပါတယ်။
ဇူလိုင် ၁၇ ရုပ်မြင်သံကြား ဒီဘိတ်မှာ လက်ရှိ ဝန်ကြီးဖြစ်တဲ့ ခါမီ ဘာဒင်နော့ချ်က အစိုးရဘက် ကနေ ခုခံပြောဆိုသွားတာ တွေ့ရပါတယ်။
လွှတ်တော်အမတ်ပဲ လုပ်ဖူးတဲ့ တူဂန်ထာ့ဒ်မှာ အတွေ့အကြုံ ချွတ်ခြုံကျနေတယ်လို့လည်း ဝေဖန်သွားပါတယ်။
ဒါပေမယ့် တူဂန်ထာ့ဒ်က သူဟာ အာဖဂန်နစ္စတန်နဲ့ အီရတ် ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းခဲ့သူ ဖြစ်တယ်လို့ ခုခံသွားပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဟောင်း ရာရှီး ဆူနာ့ခ်ကတော့ သူ့ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုအပေါ် ဝေဖန်ခံ နေရတာတွေနဲ့ပတ်သက်လို့ ချေပသွားပါတယ်။
သူ့ ယောက္ခမဖြစ်သူဟာ လက်လုပ်လက်စားဘဝကနေ ကြီးပွားတိုးတက်လာတာဟာ ကွန်ဆာဗေးတစ်တွေရဲ့ ဂုဏ်ယူစရာ သမာရိုးကျ ဇာတ်လမ်းတပုဒ်ဖြစ်တယ်လို့ ပြောသွားပါတယ်။
ဘယ်သူပဲ ဝန်ကြီးချုပ် ဖြစ်လာပါစေ တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး နှေးကွေးမှုတို့ကတော့ စောင့်ကြိုနေပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဆင်လက်ထက် နာမည်ပျက်စရာ၊ သိက္ခာကျစရာ ဇာတ်လမ်းတွေ တသီတတန်းကြီး ပေါ်ပေါက်ခဲ့တာကြောင့်လည်း ကွန်ဆာဗေးတစ် ခေါင်းဆောင်ပိုင်းအပေါ် လူထုထောက်ခံမှုလည်း ကျဆင်းနေပါတယ်။
ရှေ့သုံးရက်မှာ ဝန်ကြီးချုပ်လောင်း တယောက်စီဟာ ပြိုင်ပွဲကနေ ထွက်ရမှာဖြစ်ပြီး နောက်ဆုံး ကျန်တဲ့ ၂ ယောက်ကို ကွန်ဆာဗေးတစ် ပါတီဝင်တွေက မဲပေးရွေးချယ်ပြီးရင် ဘယ်သူ ဝန်ကြီးချုပ် ဖြစ်လာမလဲဆိုတာကို စက်တင်ဘာ ၅ ရက်ကျရင် ကြေညာဖို့ ရှိပါတယ်။