close

ဘတ်ဖဲလိုးမြို့

close

March 2, 2023

နယူးယောက်တွင် မီးလောင်အဆောက်အအုံကို ငြှိမ်းသတ်နေစဉ် ပေါက်ကွဲမှုဖြစ်

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့ရဲ့ ပြဇာတ်ရုံနယ်မြေက အဆောက်အအုံတခုမှာ မတ် ၁ ရက်က မီးအကြီးအကျယ်လောင်ပြီး မီးငြှိမ်းသတ်နေချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ မီးသတ်သမားတွေ မြေကြီးပေါ် လွင့်စင်ပြုတ်ကျခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာက ဗီဒီယိုဖိုင်ထဲမှာ မီးလောင်တဲ့နေရာကနေ ရုတ်တရက် မီးခိုးရောင် မီးခိုးလုံးကြီးတွေ ထွက်လာပြီးနောက် လူသွားလမ်းပေါ် မီးသတ်သမား ၂ ဦး လဲကျနေတာကို မြင်ရပါတယ်။

မီးငြှိမ်းသတ်နေရင်း မီးသတ်သမားတဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြို့တော် ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ABC သတင်းဌာနက ဖော်ပြပါတယ်။

မီးလောင်မှုဟာ မိန်းလမ်းမကြီးပေါ်က အဆောက်အအုံအမှတ် ၇၄၅ မှာ မနက် ၁၀ နာရီက စတင်လောင်ကျွမ်းခဲ့တာပါ။

မီးတောက်တွေကို ငြှိမ်းသတ်ရာမှာ စက်ကိရိယာပေါင်း ၄၀ လောက်ကို အသုံးပြုခဲ့ကြောင်းနဲ့ မီးလောင်မှုကြောင့် အဆောက်အအုံ တစိတ်တပိုင်း ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ABC သတင်းက ဆိုပါတယ်။

11 mins Ago

August 6, 2022

ဘတ်ဖဲလိုးမြို့က ခွပ်ဒေါင်းအလံလွှင့်ထူပွဲ (ဓာတ်ပုံ)

အမေရိကန်ပြည်ထောင်စု၊ နယူး‌ယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တော်ခန်းမရှေ့မှာ ၁၃ ကြိမ်မြောက်ခွပ်ဒေါင်းအလံလွှင့်ထူပွဲကို ဩဂုတ် ၆ ရက်က ကျင်းပပါတယ်။

၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်မြောက် အထိမ်းအမှတ်ကျင်းပတဲ့ ဒီအခမ်းအနားမှာ အမေရိကန်နဲ့ ကနေဒါက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေရာနဲ့ချီ တက်ရောက်ခဲ့ကြပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို သေဒဏ်ပေးကွက်မျက်တဲ့ အပေါ် ကန့်ကွက်ရှုတ်ချခဲ့ကြကာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး သွေးမအေးကြဖို့ တိုက်တွန်း ပြောကြားခဲ့ကြပါတယ်။

၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်ပွဲနဲ့အတူ တော်လှန်သင်္ကြန်ပွဲတော်နဲ့ ဈေးရောင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အမေရိကန်ပြည်သူတွေက စာနာအသိအမှတ်ပြုတဲ့အနေနဲ့  ၂၀၁၀  ပြည့်နှစ်ကစပြီး ဘတ်ဖဲလိုးမြို့မှာ ခွပ်ဒေါင်းအလံကို နှစ်စဉ်လွှင့်ထူခွင့်ရရှိခဲ့တာ အခု နှစ်ဆိုရင်  ၁၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ 

7 months Ago
Up