နယူးယောက်တွင် မီးလောင်အဆောက်အအုံကို ငြှိမ်းသတ်နေစဉ် ပေါက်ကွဲမှုဖြစ်

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့ရဲ့ ပြဇာတ်ရုံနယ်မြေက အဆောက်အအုံတခုမှာ မတ် ၁ ရက်က မီးအကြီးအကျယ်လောင်ပြီး မီးငြှိမ်းသတ်နေချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ မီးသတ်သမားတွေ မြေကြီးပေါ် လွင့်စင်ပြုတ်ကျခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တယောက်သေဆုံးသွားခဲ့တဲ့အကြောင်းနဲ့ အခုလို သတ္တိရှိရှိ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားတဲ့ မီးသတ်သမားအတွက် အလွန်အမင်းဝမ်းနည်းတဲ့အကြောင်း ဘတ်ဖဲလိုးမြို့တော်ဝန်က ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာက ဗီဒီယိုဖိုင်ထဲမှာ မီးလောင်တဲ့နေရာကနေ ရုတ်တရက် မီးခိုးရောင် မီးခိုးလုံးကြီးတွေ ထွက်လာပြီးနောက် လူသွားလမ်းပေါ် မီးသတ်သမား ၂ ဦး လဲကျနေတာကို မြင်ရပါတယ်။
မီးငြှိမ်းသတ်နေရင်း မီးသတ်သမားတဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြို့တော် ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ABC သတင်းဌာနက ဖော်ပြပါတယ်။
မီးလောင်မှုဟာ မိန်းလမ်းမကြီးပေါ်က အဆောက်အအုံအမှတ် ၇၄၅ မှာ မနက် ၁၀ နာရီက စတင်လောင်ကျွမ်းခဲ့တာပါ။
မီးတောက်တွေကို ငြှိမ်းသတ်ရာမှာ စက်ကိရိယာပေါင်း ၄၀ လောက်ကို အသုံးပြုခဲ့ကြောင်းနဲ့ မီးလောင်မှုကြောင့် အဆောက်အအုံ တစိတ်တပိုင်း ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ABC သတင်းက ဆိုပါတယ်။