close

ဘန်လေနည်းပြ

close

May 8, 2023

ဘန်လေနည်းပြကွန်ပနီ အသင်းနှင့် ၅ နှစ် စာချုပ်သစ်ချုပ်ဆို

ဘန်လေအသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြကွန်ပနီဟာ အသင်းနဲ့ ၅ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ကွန်ပနီဟာ ဘန်လေအသင်းကို ခံစစ်အသားပေးအသင်း ပုံစံကနေ ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်အသားပေးအသင်းအဖြစ် ပြောင်းလဲပေးခဲ့သူလဲဖြစ်ပါတယ်။

တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဘန်လေအသင်းမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

အသင်းပရိသတ်တွေနဲ့အတူ ဘန်လေအသင်းကို ပိုကောင်းတဲ့ အသင်းဖြစ်အောင် စွမ်းဆောင်သွားချင်ပြီး  ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၃၇နှစ်ရှိ နည်းပြ ကွန်ပနီကပြောပါတယ်။

ဘယ်လ်ဂျီယံသားဟာ ကစားသမားဘဝက မန်စီးတီးအသင်းမှာ နည်းပြဂွါဒီယိုလာနဲ့ လက်တွဲညီခဲ့သူဖြစ်ပြီး လာမဲ့ရာသီမှာ နည်းပြဘဝနဲ့ ပရီးမီးယားလိဂ် ဆီပြန်ရောက်တော့မှာ ဖြစ်ပါတယ်။ 

2 mins Ago
Up