close

ဘန်လေ

close

May 6, 2023

တိုက်စစ်မှူး ဗက်ဟော့စ်ကို ဘန်လေအသင်းဆီပြန်လွှတ်ရန် မန်ယူဆုံးဖြတ်

မန်ယူအသင်းဟာ အငှားစာချုပ်နဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဗက်ဟော့စ်ကို အပြီးသတ်ခေါ်ယူခြင်း မပြုဘဲ ဘန်လေအသင်းဆီပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟော်လန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်ဒိုရဲ့နေရာမှာ အစားထိုး ရောက်လာခဲ့တာပါ။ 

ယူနိုက်တက်အသင်း တိုက်စစ်က ဗက်ဟော့စ်နဲ့ မာစီယယ်တို့ဟာ အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် လာမယ်ရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ပဲ မန်ယူအသင်းက စီစဉ်ထားတာပါ။ 

ဗက်ဟော့စ် ဟာ ယူနိုက်တက်နဲ့ ပြိုင်ပွဲစုံ၂၆ ပွဲမှာ နှစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။

ဗက်ဟော့စ်ကို ခြောက်လအငှားစာချုပ်နဲ့ခေါ်ယူခဲ့မှုအတွက် မန်ယူအသင်းက မိခင်ကလပ် ဘန်လေအသင်းကို ပေါင် ၂ သန်းခွဲပေးချေခဲ့ရတာပါ။

ယူနိုက်တက် အနေနဲ့ လာမယ့်ရာသီအတွက် စပါးတိုက်စစ်မှူးဟယ်ရီကိန်းနဲ့ နာပိုလီတိုက်စစ်မှူး အိုဆမ်ဟမ်တို့ကို ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။

7 mins Ago

January 8, 2023

ဘန်လေတိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကိုခေါ်ယူရန် မန်ယူအသင်းနီးစပ်

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဘက်ကို  ၂ ဂိုးသွင်းခဲ့တဲ့ ဟော်လန် တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို ဘန်လေအသင်းကနေ အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

ဟော်လန်တိုက်စစ်မှူးဟာ ဘန်လေကနေ တူရကီကလပ် ဘက်ဆစ်တပ်မှာ အငှားထွက်ကစားနေပြီး စုစုပေါင်း ၁၆ ပွဲမှာ ၈ ဂိုးသွင်း ၄ ကြိမ်ဂိုးဖန်တီးထားပါတယ်။

အသက် ၃၀ အရွယ် အရပ် ၆ ပေခွဲလောက်ရှိတဲ့  ဝက်ဂ်ဟော့စ်ဟာ ပရိသတ်တွေ  နှစ်သက်သဘောကျလောက်တဲ့ တိုက်စစ်မှူးမဟုတ်ပေမဲ့ ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှာ မတူညီတဲ့အခြေအနေနဲ့ ကူညီပေးနိုင်သူဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ 

ဝက်ဂ်ဟော့စ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၂ ဂိုးသွင်း၊ ၃ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ပြီး ဘန် လေးအသင်းနဲ့အတူ တန်းဆင်းခဲ့ရသူဖြစ်ပါတယ်။

4 months Ago
Up