close

ဘရာဇီးစစ်တပ်

close

December 10, 2022

ဘရာဇီးစစ်တပ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိမ့်မည်ဟု သမ္မတဟောင်း ပြော

ဘရာဇီးသမ္မတ ဂျိုင်းရ်ဘော်လ်ဆိုနာရိုဟာ လက်ဝဲဝါဒီ ရွေးကောက်ခံသမ္မတသစ် လူလာ ရာထူးရယူတာကို တားဆီးဖို့အတွက် စစ်တပ်အာဏာသိမ်းလိုက်ဖို့ သူ့ထောက်ခံသူတွေရဲ့ တောင်းဆိုချက်တွေကို မထောက်ခံဘဲ စစ်တပ်ဟာ ဘရာဇီးနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိမ့်မယ်လို့ ဒီဇင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ဘော်လ်ဆိုနာရိုဟာ အောက်တိုဘာ ၃၀ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက်ပိုင်း ရက်ပေါင်း ၄၀ နီးပါး နှုတ်ဆိတ်နေပြီးနောက်မှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတအိမ်တော်တံခါးမှာ ထောက်ခံသူ တွေကို စကားပြောဆိုခဲ့တာပါ။ 

စစ်တပ်ဆိုတာ နိုင်ငံတွင်း ဆိုရှယ်လစ်စနစ်ကို တားဆီးမယ့် ဘရာဇီးနိုင်ငံရဲ့ အကာအကွယ်တခု ဖြစ်တယ်လို့ ဘော်လ်ဆိုနာရိုက ပြောပါတယ်။ 

သူတို့ ဘာမှလည်း ဆုံးရှုံးမသွားကြောင်းနဲ့ တနေ့မှာ သူတို့ ပြန်အနိုင်ရမှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။ 

သူဟာ အောက်တိုဘာလ ရွေးကောက်ပွဲမှာ လူလာရဲ့အောင်နိုင်မှုကို အသိအမှတ် မပြုခဲ့ပါဘူး။ သူ့ရဲ့ နှုတ်ဆိတ်နေခဲ့မှုကြောင့် ထောက်ခံသူတွေဟာ စစ်တပ်အခြေစိုက်စခန်းတွေ အပြင်ဘက်မှာ ဆက်လက်ဆန္ဒပြဖြစ်ခဲ့ကြပါတယ်။ 

ဘော်လ်ဆိုနာရိုကို ပွတ်ကာသီကာ အနိုင်ရသွားတဲ့ လူလာကို ဘရာဇီးနိုင်ငံရဲ့ အမျိုးသား ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့က ဒီဇင်ဘာ ၅ ရက်မှာ အသိမှတ်ပြုထားပါတယ်။ 

စစ်တပ်ဟာ စည်းလုံးညီညွတ်ပြီး ပြည်သူတွေအပေါ် သစ္စာစောင့်သိမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာဖို့ တာဝန်ရှိပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် သူတို့မှာ တာဝန်ရှိတယ်လို့ ဘော်လ်ဆိုနာရိုက ပြောသွားပါတယ်။ 

13 hours Ago

July 1, 2020

ဘရာဇီးစစ်တပ်က အမေဇုန်ဒေသရှိ ဌာနတိုင်းရင်းသားများကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး 

ဗင်နီဇွဲလားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ သီးခြားအမေဇုန်ဒေသတွေကို ဇွန် ၃၀ ရက်မှာ   ဘရာဇီးစစ်တပ်က အကာအကွယ်ပစ္စည်းတွေနဲ့ ဆေးဝါးတွေ ပေးပို့ခဲ့ပြီး ကြောက်ရွံ့နေတဲ့  ဌာနေတိုင်းရင်းသားတွေကို ကိုဗစ်-၁၉ ရောဂါ ဖြစ်၊ မဖြစ် စစ်ဆေးပေးခဲ့ပါတယ်။ ဒီလို လက်ညှိုးသွေးဖောက် အမြန်စစ်ဆေးရာမှာ ရောဂါပိုးရှိသူ မတွေ့ရပေမယ့် ကပ်ရောဂါဟာ ရာနဲ့ချီတဲ့ အမေဇုန်တိုင်းရင်းသား မျိုးနွယ်တွေအပေါ်မှာ  ခြိမ်းခြောက်နေပါတယ်။ အမေဇုန်တိုင်းရင်းသားတွေဟာ ပြင်ပကမ္ဘာရဲ့ ရောဂါဒဏ်ကို ခံနိုင်ရည်မရှိသလို သူတို့ လူနေမှုပုံစံကလည်း ခပ်ခွာခွာနေတဲ့ အခြေအနေမျိုး မရှိကြပါဘူး။ အခုလို ဘရာဇီးရဲ့ အကြီးမာဆုံး သီးခြားနယ်မြေတွေမှာ နေထိုင်တဲ့ ယာနိုမာမီ တိုင်းရင်းသားတွေကို ကူညီတာဟာ သမ္မတ ဘော်ဆိုနာရို အစိုးရက ဌာနေတိုင်းရင်းသားတွေ ရောဂါမကူးစက်အောင် လုံလုံလောက်လောက် မလုပ်ပေးဘူးဆိုတဲ့ ဝေဖန်မှုတွေကို ပြန်လည်ချေဖျက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီး ကာကွယ်ရေးဝန်ကြီးဟာလည်း ဇူလိုင်လ ၁ ရက်မှာ အာဝါရီစ် နယ်စပ်စခန်းက ဌာနေတိုင်းရင်းသား အကူအညီပေးမှုတွေကို လိုက်လံကြည့်ရှုမယ်လို့ ရိုက်တာက ရေးသားထားပါတယ်။
2 years Ago
Up