ဘရာဇီးနိုင်ငံက ယာနိုမာမီတိုင်းရင်းသားနယ်မြေထဲမှာရှိနေတဲ့ တရားမဝင် သတ္ထုတူးဖော်နေတဲ့ ဧရိယာကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်ဆင်ရေးဝင်ရောက်လုပ်ဆောင်ခဲ့ပါတယ်။
ရဟတ်ယာဉ်တွေက သတ္ထုတူးနေတဲ့ နေရာတွေကို ထုတ်ဖော်ပြသပြီး တရားမဝင်လုပ်ကိုင်နေကြတဲ့ တွင်းသားတွေကို အထူးအဖွဲ့ဝင်တွေက ကြားဖြတ်ဟန့်တားခဲ့ကြပါတယ်။
ဘရာဇီးအမျိုးသားစစ်တပ်နဲ့ ပြည်ထောင်စုရဲတပ်ဖွဲ့၊ ဘရာဇီးသဘာဝပတ်ဝန်းကျင် ပြန်လည် ပြည့်ဖြိုးမြဲသဘာဝသယံဇာတအဖွဲ့ (IBAMA)၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အစိုးရ တိုင်းရင်းသားရေးရာ အေဂျင်စီ (FUNAI)၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့က ပူးပေါင်းညှိုနှိုင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အထူးအဖွဲ့ဝင်တွေက လေကြောင်းကနေ ပျံသန်း စစ်ဆေးချိန်မှာ ဒီနေရာကို ဖေဖော်ဝါရီ ၉ ရက်က ရှာတွေ့ခဲ့တာပါ။
ဘရာဇီးအစိုးရဟာ အကြီးဆုံး ဌာနေတိုင်းရင်းသား သီးသန့်နယ်မြေဖြစ်တဲ့ အမေဇုံဒေသအတွင်း ယာနိုမာမီဒေသထဲမှာ တရားမဝင် သတ္ထုတူးနေတာကို တိုက်ဖျက်နေတာပါ။
တရားမဝင် ရွှေတူးသူတွေကြောင့်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပြင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပွားနေပါတယ်။
သတ္ထုတူးသူ အယောက် ၂၀၀၀၀ ကျော်ဟာ ယာနိုမာမီတိုင်းရင်းသား ဦးရေ ၂၈၀၀၀ လောက်ရှိတဲ့ ဌာနေတိုင်းရင်းသား သီးသန့်မြေကို ကျူးကျော်ခဲ့ပြီး လက်နက်ကိုင် အကြမ်းဖက်တာ၊ လိင်ပိုင်း နှောင့်ယှက်နှိပ်စက်တာနဲ့ ရောဂါဖြန့်တာတွေ လုပ်ခဲ့လို့ ဒေသခံတွေဆိုးဆိုးရွားရွား အာဟာရချို့တဲ့ သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။
ယာနိုမာမီတိုင်းရင်းသားတွေဟာ ဘရာဇီးနဲ့ ဗင်နီဇွဲလားနယ်စပ်နားမှာ ပေါ်တူဂီနိုင်ငံ အရွယ်အစား လောက်ရှိတဲ့ သီးသန့်မြေအတွင်းနှစ်ပေါင်းများစွာကတည်းက နေထိုင်နေကြတာဖြစ်ပြီး သတ္ထုကြွယ်ဝတဲ့ မြေကြောင့် တရားမဝင် သတ္ထုတွင်းလုပ်သားတွေ ကျူးကျော်တာကို ဆယ်စုနှစ်ချီ ခံစားခဲ့ရပါတယ်။
ဘရာဇီးနိုင်ငံက တိတ်ဆိတ်ငြိမ်သက်တဲ့ ကိုကယ်ဇင်ဟို မြို့ပတ်လည်မှာ အာဏာပိုင်တွေ ဟာ လာဇာရိုဘာဘိုဆာ ဆိုသူ ပြန်ပေးဆွဲ လူသတ်သမားတစ်ကို ဖမ်းဖို့ ဇွန် ၂၂ ရက်က လိုက်ရှာနေပါတယ်။
သူဟာ လတ်တလော သီတင်းပတ်တွေအတွင်း မြို့တော်ဘရပ်စီးလီးယားမှာ လူ ဆယ်ယောက်ထက်မနည်း ပြန်ပေးဆွဲခဲ့ပြီး ၄ ယောက်ကို သတ်ရင်း ၃ ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ သံသယ ရှိနေကြပါတယ်။
ဘာဘိုဆာဟာ ဒေသတွင်း လယ်မြေ အများအပြားကို ဖြတ်သန်းလာခဲ့တယ်လို့ ယုံကြည်ရပြီး ကားတွေကို မီးရှို့တာ၊ လူတွေကို ပစ်ခတ်တာနဲ့ ဓားစာခံ ဖမ်းတာတွေ လုပ်ခဲ့တယ်လို့ ယုံကြည် ကြောင်း ရဲတွေက ပြောပါတယ်။
ဘာဘိုဆာကို နောက်ဆုံးတွေ့လိုက်တဲ့ ဒေသအတွင်း ရှာဖွေရေးကို အာရုံစိုက်ပြီး ဒီလူကို လိုက်ရှာနေတာဟာ သီတင်းပတ် တစ်ပတ် ကျော်နေပါပြီ။
သူ့ကို ရှာဖို့ ပြည်ထောင်စု ခရိုင်နဲ့မြို့လေးတို့က အရပ်ဘက်နဲ့ စစ်ရဲ အရာရှိ အယောက် ၂၇၀ ၊ အနံ့ခံခွေး ငါးကောင်နဲ့ တခြား ရင်းမြစ်တွေကို သုံးထားတယ်လို့လဲ ဒေသခံမီဒီယာက ဖော်ပြ ပါတယ်။