ပြန်ပေးဆွဲလူသတ်သမားကို ဘရာဇီးအာဏာပိုင်များ ရှာဖွေနေ

ဘရာဇီးနိုင်ငံက တိတ်ဆိတ်ငြိမ်သက်တဲ့ ကိုကယ်ဇင်ဟို မြို့ပတ်လည်မှာ အာဏာပိုင်တွေ ဟာ လာဇာရိုဘာဘိုဆာ ဆိုသူ ပြန်ပေးဆွဲ လူသတ်သမားတစ်ကို ဖမ်းဖို့ ဇွန် ၂၂ ရက်က လိုက်ရှာနေပါတယ်။
သူဟာ လတ်တလော သီတင်းပတ်တွေအတွင်း မြို့တော်ဘရပ်စီးလီးယားမှာ လူ ဆယ်ယောက်ထက်မနည်း ပြန်ပေးဆွဲခဲ့ပြီး ၄ ယောက်ကို သတ်ရင်း ၃ ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ သံသယ ရှိနေကြပါတယ်။
ဘာဘိုဆာဟာ ဒေသတွင်း လယ်မြေ အများအပြားကို ဖြတ်သန်းလာခဲ့တယ်လို့ ယုံကြည်ရပြီး ကားတွေကို မီးရှို့တာ၊ လူတွေကို ပစ်ခတ်တာနဲ့ ဓားစာခံ ဖမ်းတာတွေ လုပ်ခဲ့တယ်လို့ ယုံကြည် ကြောင်း ရဲတွေက ပြောပါတယ်။
ဘာဘိုဆာကို နောက်ဆုံးတွေ့လိုက်တဲ့ ဒေသအတွင်း ရှာဖွေရေးကို အာရုံစိုက်ပြီး ဒီလူကို လိုက်ရှာနေတာဟာ သီတင်းပတ် တစ်ပတ် ကျော်နေပါပြီ။
သူ့ကို ရှာဖို့ ပြည်ထောင်စု ခရိုင်နဲ့မြို့လေးတို့က အရပ်ဘက်နဲ့ စစ်ရဲ အရာရှိ အယောက် ၂၇၀ ၊ အနံ့ခံခွေး ငါးကောင်နဲ့ တခြား ရင်းမြစ်တွေကို သုံးထားတယ်လို့လဲ ဒေသခံမီဒီယာက ဖော်ပြ ပါတယ်။