close

ဘရာဇီး

close

April 15, 2023

ဘရာဇီးတွင် ကလေးစောင့်ရှောက်ရေးဂေဟာ မီးလောင်ပြီး ၄ ဦးသေဆုံး

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း၊ ပါနမ်ဘူကိုပြည်နယ်ရဲ့မြို့တော် ရစီးဖီမြို့ရှိ  လာပေါ်လိုဒီတာဆို ပရဟိတအဖွဲ့ရဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် စောင့်ရှောက်ရေးဂေဟာမှာ ဧပြီ ၁၄ ရက်က မီးလောင်မှုကြောင့် အနည်းဆုံး လူလေးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီးသတ်ဌာနက ပြောပါတယ်။

မီးလောင်ရာနေရာမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း မီးသတ်သမားတွေက ပြောကြားခဲ့ပြီး ကျန် ၂ ဦးမှာ ဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးသွားခဲ့တာလို့လည်း ပြောပါတယ်။

မီးငြှိမ်းသတ်ဖို့ မနက် ၄ နာရီ ၂၀ မိနစ်လောက်က မီးသတ်သမားတွေကို ခေါ်ယူခဲ့ပြီး စောင့်ရှောက်ရေးဂေဟာနဲ့ကပ်လျ် နေအိမ်က အိမ်နီးချင်း ဂရောင်ဇီယိုဒီယေဂိုက သူဟာ ပေါက်ကွဲမှုကို မြင်လိုက်ရပြီးတော့ ကလေးတွေရဲ့ အော်ဟစ်သံတွေကိုလည်း ကြားလိုက်ရတယ် လို့ ဆိုပါတယ်။

သူတို့ ဂိတ်တံခါးတွေကို ဖြုတ်ချပြီး မီးသတ်ဆေးဘူးတွေ သုံးခဲ့ပေမယ့် မီးကအရမ်းလောင်နေပြီး ကျန်တဲ့ လူတွေနဲ့ ကလေးတွေကို မကယ်တင်နိုင်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။ 

မြို့တော်ဝန် ဂျိုအောင်းကမ်ပို့စ်ကတော့ တွစ်တာဆိုရှယ်မီဒီယာမှာ သူ့ရဲ့ ဝမ်းနည်းကြောင်းကို ပြောခဲ့ပါတယ်။

ဒီပရဟိတအဖွဲ့ဟာ လူမှုအန္တရာယ် ကြုံနေရတဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို နှစ် ၃၀ ကျော်ကြာ ခိုလှုံခွင့်ပေးခဲ့ပြီး အခုလို ခက်ခဲတဲ့ အချိန်မျိုးမှာ အပြည့်အဝ ပံ့ပိုးကူညီဖို့ စီစဉ်နေကြောင်း မြို့တော်ဝန်က ရေးသားထားပါတယ်။

ပါနမ်ဘူကိုပြည်နယ်အုပ်ချုပ်ရေးမှူး ရေကွဲလ်လိုင်ရာကလည်း ရစီးဖီမြို့မှာ မနက်အစောကြီး ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်ဆိုးအတွက် ဝမ်းနည်းပူဆွေးနေကြောင်းနဲ့ မီးသတ်သမားတွေနဲ့ ရဲတွေအပြင် ကျန်းမာရေးအဖွဲ့တွေလည်း လုပ်ဆောင်နေပြီဖြစ်ကြောင်း တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

3 hours Ago

April 6, 2023

ဘရာဇီး မူကြိုကျောင်းတွင် ပုဆိန်ဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၄ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကာတာရီနာပြည်နယ်က ဘလူမန်နောင်မြို့ရှိ ပုဂ္ဂလိက မူကြိုကျောင်းတကျောင်းမှာ ဧပြီ ၅ ရက်က အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးဟာ ပုဆိန်အသေးတလက်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄ ဦးထက်မနည်း သေဆုံးသွားပြီး နောက်ထပ် ၄ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း နယ်မြေခံရဲတွေနဲ့ ဆေးရုံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ ကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်သူဟာ မူကြိုကျောင်းရဲ့ နံရံတွေကို ခုန်တက်ကျော်လွှားပြီး ကျောင်းထဲကို ဝင်ရောက်ခဲ့တာဖြစ်ကြောင်း ဒေသခံ လုံခြုံရေးအကြီးအကဲ မာစီယို အလ်ဘာတို ဖီလစ်ပီက သတင်းထောက်တွေကို ပြောပါတယ်။

မီးသတ်သမား အကြီးအကဲ ဒီယိုဂိုက သူတို့ ကျောင်းကိုရောက်ချိန်မှာ အသက် ၅ နှစ်ကနေ ၇ နှစ်ကြား ယောက်ျားလေးသုံးယောက်နဲ့ မိန်းကလေးတယောက် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရသွားတဲ့ တခြားကလေး ၄ ယောက်ထဲမှာ ၁ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာရှိလို့ ဆေးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ မကောင်းဆိုးဝါးလုပ်ရပ်လို့ သမ္မတ လူးဝစ်ဇ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားက သူ့ရဲ့တွစ်တာမှာ ရေးထားပါတယ်။

“ဒီလိုအဖြစ်ဆိုးမျိုးဟာ လက်မခံနိုင်စရာပါပဲ။ အဓိပ္ပာယ်မဲ့ အမုန်းပွားမှုနဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ် ဖြစ်ပြီးတော့ အပြစ်မဲ့ပြီး အကာအကွယ်မဲ့တဲ့ ကလေးတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်ပဲ” လို့လည်း သမ္မတ လူလာက ပြောပါတယ်။

1 week Ago
Up