close

ဘရိုက်တန်နည်းပြ

close

April 30, 2023

၂ပွဲဆက်နိုင်ပွဲပျောက်ခဲ့မှုအပေါ် ၆ ဂိုးသွင်းပြီးပေါက်ကွဲပြနိုင်ခဲ့ဟု ဘရိုက်တန်နည်းပြပြော

ဘရိုက်တန်အသင်းသားတွေအနေနဲ့ နှစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာကို ဝုဗ်အသင်းကို ၆ ဂိုးသွင်းပြီး ပေါက်ကွဲပြနိုင်ခဲ့ကြောင်း နည်းပြဒီဇာဘီကပြောပါတယ်။

ဘရိုက်တန်အသင်းဟာ ဝင်ဘလေကွင်းမှာ မန်ယူအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး အက်ဖ်အေဖလားဆီမီး ဖိုင်နယ်ကနေထွက်ခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တာပါ။ 

မနေ့ညက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲမှာတော့ ဘရိုက်တန်အသင်းက ၆ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲပြန်ယူခဲ့တာပါ။ 

အက်ဖ်အေဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ရကြောင်း၊ အဲဒီပွဲအကျိုးဆက်က နော်တမ်ဟမ်ကိုရှုံးနိမ့်စေခဲ့ကြောင်း နည်းပြ ဒီဇာဘီက ပြောပါတယ်။

ဝုဗ်နဲ့ပွဲမှာတော့ အဲဒီပွဲစဉ်က အရှုံးရလဒ်တွေအတွက် ဂုဏ်သိက္ခာရှိရှိနဲ့ အကောင်းဆုံးကစားပြပြီး ပေါက်ကွဲပြခဲ့ကြောင်း၊ ဝုဗ်ကို ၆ ဂိုးပြတ်အနိုင်ရတဲ့ပွဲဟာ နည်းပြဘဝတလျှောက် အကောင်းဆုံးပွဲစဉ်ဖြစ်ကြောင်း ဒီဇာဘီက ပြောပါတယ်။

နည်းပြဒီဇာဘီဟာ ဝုဗ်နဲ့ပွဲမှာ အမာခံကစားသမားလေးဦးလောက်ကို အနားပေးပြီး ကစားခဲ့တာဖြစ်ပေမဲ့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

11 mins Ago

April 22, 2023

မန်ယူနှင့်ကန်မည့်ပွဲစဉ် စိတ်လှုပ်ရှားစရာကောင်းပြီး ဂုဏ်ယူစွာယှဉ်ပြိုင်မည်ဟု ဘရိုက်တန်နည်းပြ ပြော

မန်ယူအသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာကောင်းပြီး ဂုဏ်ယူစွာနဲ့ ယှဉ်ပြိုင်သွားမယ်လို့ ဘရိုက်တန်နည်းပြ ဒီဇာဘီက ပြောပါတယ်။

အက်ဖ်အေဖလားပွဲစဉ်ဟာ အင်္ဂလန်မှာ အရေးပါတဲ့ပြိုင်ပွဲဖြစ်ပြီး ဘရိုက်တန်အသင်းအနေနဲ့ ပိုကောင်းတဲ့အသင်းဖြစ်ချင်တယ်ဆိုရင် ဒီလိုပွဲကြီးပွဲကောင်းတွေ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်လို့ နည်းပြက ပြောပါတယ်။

ဘရိုက်တန်နည်းပြဒီဇာဘီက “ကျနော်တို့အသင်းက ဖိအားတွေနဲ့ အသားကျနေပါပြီ။ ဒီလိုပွဲကစားရတာဟာ ဂုဏ်ယူစရာကောင်းပြီး ကျနော့် ကစားသမားတွေအပေါ် သံသယဖြစ်စရာမရှိပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းက ယူကေမှာ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တယ်။ ပိုကောင်းတဲ့အသင်း ဖြစ်ချင်တယ်ဆိုရင် ဒီလိုပွဲစဉ်မျိုးကစားရမှာပါပဲ” လို့ ပြောပါတယ်။

မန်ယူနည်းပြတန်ဟတ်ဂ်ကတော့ ဘရိုက်တန်က ခက်ခဲတဲ့အသင်းဖြစ်ပြီး အနိုင်ယူဖို့ဆိုရင် အကောင်းဆုံးခြေစွမ်း ရဖို့လိုအပ်ကြောင်း၊ ယူနိုက်တက်အသင်းအနေနဲ့ ပိုကောင်းတဲ့အရာတွေကို လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်းပြောသွားပါတယ်။ 

1 week Ago
Up