close

ဘရိုက်တန် တိုက်စစ်မှူး

close

November 17, 2022

ဘရိုက်တန်တိုက်စစ်မှူး တိုနေးကို တရားမဝင်လောင်းကစားလုပ်မှုဖြင့် စွဲချက်တင်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ဟာ ဘရိုက်တန်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို တရားမဝင် လောင်းကစားလုပ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက အက်ဖ်အေဘက်ကစောင့်ကြည့်ခဲ့တာဖြစ်ပြီး တိုနေးဟာ ၄ နှစ်နီးပါးအတွင်း တရားမဝင်လောင်းကစား လုပ်ဆောင်မှု  ၂၃၂ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုနေးဟာ အဲဒီ ၄ နှစ်တာကာလအတွင်းမှာ စကမ်သော်ပီ၊ ဝီဂန်၊ ပီတာဘရော့နဲ့ လက်ရှိကလပ် ဘရန့်ဖို့ဒ်အသင်းတွေမှာ ကစားခဲ့တာပါ။

ဒါဟာ အက်ဖ်အေရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် တိုနေးကို စွဲချက်တင်လိုက်ပြီး အရေးယူသွားဖို့ရှိ ပါတယ်။

တိုနေးဟာ ကိုယ်ကစားနေတဲ့အသင်းနဲ့ပတ်သက်ပြီး လောင်းကစားလုပ်ခဲ့သလား ဆိုတာကတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် တိုနေးကိုယ်တိုင်က တွစ်တာကနေ ဝန်ခံထားပြီး စုံစမ်းစစ်ဆေးမှု မပြီးဆုံးခင်အထိ တစုံတရာမှတ်ချက်ပေးမှာမဟုတ်ကြောင်း တိုနေးက ရေးသားထားပါတယ်။

တိုနေးဟာ ကမ္ဘာ့ဖလားမတိုင်ခင် နိုင်ငံတကာရက်သတ္တပတ် တုန်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ကမ္ဘာ့ဖလားလူစာရင်းမှာတော့ ရွေးချယ်ခံရခြင်း မရှိခဲ့သူဖြစ်ပါတယ်။

12 mins Ago

June 23, 2020

ဘရိုက်တန်တိုက်စစ်မှူးအား လက်ပါခဲ့သည့် ဂွမ်ဒူဇီကို အရေးမယူဟု အက်ဖ်အေပြော

ဘရိုက်တန်အသင်းရဲ့ တိုက်စစ်မှူး နီယယ်မူပေးကို လည်ပင်းညှစ်ခဲ့ပေမဲ့ အာဆင်နယ်ကွင်းလယ် ကစားသမား မတ်တီယို ဂွမ်ဒူဇီဟာ အရေးယူခံရခြင်းကနေ ကင်းလွတ်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။  ဒီကစားသမား နှစ်ဦးဟာ စနေနေ့မှာ ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ပြီးဆုံးချိန်မှာ ငြိခဲ့ကြတာဖြစ်ပါတယ်။  ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ဂိုးသမား လီနိုဟာလည်း ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့ပါတယ်။  လီနိုရဲ့ဒဏ်ရာရရှိမှုမှာ မူပေးရဲ့ပယောဂပါဝင်ခဲ့ပြီး ဒီဖြစ်ရပ်ကို မကျေနပ်တာကြောင့် ဂွမ်ဒူဇီဟာ မူပေးကို ပွဲပြီးဆုံးချိန်မှာ သွားရောက်ရင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။  ပြင်သစ်ကစားသမားနှစ်ဦးဟာ အစပိုင်းမှာစကားလုံးတွေ နဲ့ အပြန်အလှန်ထိုးနှက်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ လက်တွေပါလာခဲ့ကာ ဂွမ်ဒူဇီက မူပေးရဲ့လည်ပင်းကို ညှစ်ခဲ့တာဖြစ်ပါတယ်။  ဒီဖြစ်ရပ်မတိုင်ခင် ဘရိုက်တန်အသင်းအတွက် အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ မူပေးသွင်း ယူသွားပြီးကတည်းက ဒီကစားသမားနှစ်ဦးဟာ ငြိခဲ့တာဖြစ်ပြီးတော့ ပွဲပြီးဆုံးချိန် ဥမင်ထဲကိုအဝင်မှာလည်း သူတို့ နှစ်ဦးကြောင့် နှစ်ဖက်ကစားသမားတွေကြားမှာ ပွဲဆူခဲ့ပါတယ်။  ဒီဖြစ်ရပ်ကြောင့် ဂွမ်ဒူဇီဟာ အနည်းဆုံးသုံးပွဲလောက် ပွဲ ပယ်ပြစ်ဒဏ်ကျခံရနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို VAR နဲ့ပြန်လည်စစ်ဆေးခဲ့ပြီး ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ မိုက်ကယ်အိုလီဗာက နောက်ထပ်အရေးယူမှုတွေ လုပ်ဆောင်ဖို့ မလိုအပ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း အက်ဖ်အေက ကြေညာပါတယ်။  “ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ ကွင်းထဲမှာရှိနေတဲ့ တာဝန်ရှိသူတွေက မတွေ့ခဲ့ပေမယ့် ဒါကို VAR နဲ့ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ဒါ့ကြောင့် ဂွမ်ဒူဇီဟာ အရေးယူမှုနဲ့ရင်ဆိုင်ရမှာ မဟုတ်ပါဘူး” လို့ အက်ဖ်အေက အတည်ပြုထုတ်ပြန်ပါတယ်။  ပွဲအပြီးမှာ သက်ဆိုင်ရာ ကစားသမားတွေ အချင်းများခဲ့မှုနဲ့ပတ်သက်လို့လည်း နှစ်သင်းလုံးအပေါ် သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
2 years Ago
Up