close

ဘာစီလိုနာနည်းပြ

close

April 8, 2023

ဘာစီလိုနာနည်းပြ ဘယ်တော့မှဖြစ်လာနိုင်မည်မဟုတ်ဟု နည်းပြအန်စလော့တီပြော

ဘာစီလိုနာအသင်းနည်းပြ  ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ကြောင်း ပြိုင်ဘက်ရီးရီဂလ်မက်ဒရစ် နည်းပြ ကားလို့စ်အန်စလော့တီက ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ အရာအားလုံး အဆင်ပြေနေပြီး တခြားအပြောင်းအလဲတစ်ခုလုပ်ဖို့ မလိုအပ်ကြောင်း၊ ဘာစီလိုနာအသင်းကို နည်းပြဖို့ဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်ကြောင်းနဲ့ မက်ဒရစ်အသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ကြောင်း အန်စလော့တီက ပြောပါတယ်။

မနှစ်ကရာသီနဲ့စာရင် ဒီနှစ်ရာသီနဲ့ ၄ မှတ်သာ ကွာခြားပြီး မက်ဒရစ်အသင်း ခြေစွမ်းကျဆင်းသွားတာမဟုတ်ဘဲ ဘာစီလိုနာအသင်းက အများကြီး တိုးတက်လာတာဖြစ်ကြောင်း အန်စလော့တီကပြောပါတယ်။

အခုနှစ်လာလီဂါမှာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ၁၂ မှတ်ဖြတ်ထားပေမဲ့ ကိုပါဒယ်ရေးဖလားမှာတော့ ရီးရဲလ်မက်ဒရစ်က  ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ 

12 mins Ago

September 27, 2020

ဆွာရက်ဇ်ထွက်ခွာသွားသည့်အပေါ် မက်ဆီဝမ်းနည်းခဲ့ဟု ဘာစီလိုနာနည်းပြ ပြေ

တိုက်စစ်မှူး မက်ဆီအနေနဲ့ အသင်းဖော် ဆွာရက်ဇ်ထွက်ခွာသွားတဲ့အပေါ်မှာ  ဝမ်နည်းမှုဖြစ်ခဲ့တယ်လို့ နည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။  မက်ဆီနဲ့ဆွာရက်ဇ်တို့ဟာ ၂၀၁၄ ခုနှစ်ကစပြီး ဘာစီလိုနာတိုက်စစ်ကို ဦးဆောင်ကစားခဲ့ကြသူတွေဖြစ်ပါတယ်။  အခုအပြောင်းအရွှေ့မှာတော့ အသင်းဖော်ဆွာရက်ဇ်က အက်သလက်တီ ကို အသင်းဆီပြောင်းရွှေ့ခဲ့တာကြောင့် မက်ဆီ အနေနဲ့ ဝမ်းနည်းခဲ့ရတယ်လို့ နည်းပြ ရော်နယ်ကိုးမန်း က ပြောပါတယ်။  နှစ်ပေါင်းများစွာ အတူတွဲဖက်ကစားလာတဲ့ သူငယ်ချင်းတစ်ဦးအသင်းကနေ ထွက်ခွာသွား တာကြောင့် မက်ဆီအနေနဲ့ ဝမ်းနည်းနေ တယ်ဆိုတာသိပေမယ့် အရေးကြီးဆုံးက အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့သာ ဖြစ်တယ်လို့ ကိုးမန်းကပြောပါတယ်။  ဆွာရက်ဇ်ထွက်ခွာသွားမှုမှာ မိမိအနေနဲ့ ဗီလိန်တဦးလို ဖြစ်ခဲ့ရပေမယ့် အမှန်တကယ်မှာတော့ အဲဒီလိုမဟုတ်ကြောင်းနဲ့ အသင်းကိုစရောက်ကတည်းက ဆွာရက်ဇ်အပေါ် လေးစားမှုထားခဲ့တယ်လို့ နည်းပြကိုးမန်းကပြောပါတယ်။  ဆွာရက်ဇ်ကို ပွဲချိန် အများကြီးကစား ရမှာမဟုတ်ကြောင်းပြောခဲ့ပေမယ့် သူသာအသင်းမှာ ဆက်ရှိမယ်ဆိုရင် လူစာရင်းမှာ ထည့်သွင်းရွေးချယ်မှာဖြစ်ကြောင်းလည်း နည်းပြကိုးမန်းကပြောခဲ့ပါတယ်။ 
3 years Ago
Up