close

ဘာစီလိုနာနည်းပြ ဘယ်တော့မှဖြစ်လာနိုင်မည်မဟုတ်ဟု နည်းပြအန်စလော့တီပြော

ဘာစီလိုနာအသင်းနည်းပြ  ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ကြောင်း ပြိုင်ဘက်ရီးရီဂလ်မက်ဒရစ် နည်းပြ ကားလို့စ်အန်စလော့တီက ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ အရာအားလုံး အဆင်ပြေနေပြီး တခြားအပြောင်းအလဲတစ်ခုလုပ်ဖို့ မလိုအပ်ကြောင်း၊ ဘာစီလိုနာအသင်းကို နည်းပြဖို့ဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်ကြောင်းနဲ့ မက်ဒရစ်အသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ကြောင်း အန်စလော့တီက ပြောပါတယ်။

မနှစ်ကရာသီနဲ့စာရင် ဒီနှစ်ရာသီနဲ့ ၄ မှတ်သာ ကွာခြားပြီး မက်ဒရစ်အသင်း ခြေစွမ်းကျဆင်းသွားတာမဟုတ်ဘဲ ဘာစီလိုနာအသင်းက အများကြီး တိုးတက်လာတာဖြစ်ကြောင်း အန်စလော့တီကပြောပါတယ်။

အခုနှစ်လာလီဂါမှာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ၁၂ မှတ်ဖြတ်ထားပေမဲ့ ကိုပါဒယ်ရေးဖလားမှာတော့ ရီးရဲလ်မက်ဒရစ်က  ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ 

Up